အွန်လိုင်း မီဒီယာ ပေါ်မှာ မိန်းကလေးတွေ အများကြီး ဝန်းရံ ပြီး အချိန်ဖြုန်းနေတဲ့ အမေရိနက် အမျိုးသား Dan Bilzerian ကိုတော့ ယောကျာ်းတိုင်း အားကျမိကြမှာပါ။ လေယာဉ်၊ အပျော်စီးသင်္ဘော၊ အိမ်အကြီးကြီး နဲ့ တန်ဖိုးကြီး ကားတွေပေါ်မှာ လှပေ့ဆိုတဲ့ မိန်းမလှလေးတွေ အနည်းဆုံး (၁၀) ယောက် လောက်ကို ခေါ်ပြီး ပါတီပေးနိုင်၊ ကျွေးနိုင်သူ မို့ သူ့ရဲ့ ချမ်းသားမှု ကတော့ အံမခန်းလို့ ဆိုရမှာပါနော်။" Money Make Every things " ဆိုသလိုပဲ သူ့ဘေးမှာ ရှိနေတဲ့ မိန်းမလှလေးတွေကတော့ သူ့ကို ချစ်တာ ၊ မချစ်တာထက် သူ့ရဲ့ ချမ်းသာမှု ကြောင့် ဆိုတာ ပရိသတ်များ ရိပ်စားမိမယ် ထင်ပါတယ်။ 

သူရဲ့ နာမည်ရင်း Dan Brandon Bilzerian ဖြစ်ပြီး 1980 ခုနှစ်၊ ဒီဇင်ဘာလ(၇) ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူဟာ လက်ရှိမှာတော့ အသက်(၃၇) နှစ် ရှိပါပြီ။ Hollywood Hills, Los Angeles, California နဲ့ Las Vegas, Nevada မှာ သူ့ဘဝရဲ့ အချိန်တွေကို ခွဲပြီး အချိန်ဖြုန်းခဲ့သလို လက်ရှိမှာတော့ California ပြည်နယ်၊ Los Angeles နဲ့ Bel Air မှာနေထိုင်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် အလုပ်ဟာ တိတိကျကျ ရေရေရာရာ မရှိသလို သူဟာ အွန်လိုင်းမီဒီယာ ထက်မှာ သူ့ရဲ့ lavish lifestyle ကို လူသတိထားမိပြီး ဆယ်လီတစ်ယောက် ဖြစ်လာသူပါ။

သူ့ရဲ့ ချမ်းသာမှု ဟာ 2018 ခုနှစ်၊ အေပရယ်လ စစ်တမ်းကောက်ယူမှု အရ အမေရိကန်ဒေါ်လာ( US$110 million) သန်း ချမ်းသာတယ်လို့ ဖော်ပြထားပါတယ်။ သူ့ရဲ့ အသက်(၃၂) နှစ် မှာ နှလုံးလျှော့ခ်ဖြစ်ခြင်း ကို (၃) ကြိမ် တိတိ ခံစားရခဲ့ပြီး သူ့ရဲ့ လက်ရှိဘဝမှာ အကောင်းဆုံးနဲ့ ပျော်ပျော် ရွှင်ရွှင်နေထိုင်နေတယ် လို့ ဆိုရမှာပါ။ သူ့မှာ Adam Bilzerian နဲ့Nelson Bilzerian ဆိုတဲ့ ညီအကို နှစ်ယောက် ရှိပြီး သူ့ရဲ့ အဖေ ဖြစ်သူ ဟာ သားဖြစ်သူ တွေကို စိတ်ချလက်ချရှိနိုင်ဖို့ အတွက် Wall Street မှာ သူ့ရဲ့ ပိုင်ဆိုင်မှု တွေကို ခွဲဝေပေးခဲ့ပြီး သူ့ရဲ့ ကျန်တဲ့ မိသားစု ဝင်တွေကတော့ အာမေဒနီယံ လူမျိုး တုံး သတ်ဖြတ်ရေး အကြမ်းဖက်မှု မှာ အသတ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ ခုထိ ဘွဲ့ မရသေးသလို မိန်းမလှလေးတွေနဲ့ လည်း ကဲလို့ ကောင်းနေဆဲ ဖြစ်ပါတယ်။

source: Dan Bilzerian wikipedia; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။