အောက်တိုဘာလ ၁၀ရက်နေ့ မနေ့ည ၈နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်ပိတ်ဆို့ ဆန္ဒပြမှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ကွန်တိန်နာယာဉ်မောင်းသမားအချို့က မနေ့က အောက်တိုဘာလ ၁၀ ရက် ည ၈ နာရီခန့်ကဆန္ဒဖော်ထုတ်မှု တစ်ရပ် ဖြစ်ပေါ်ခဲ့ပြီး လမ်းမပေါ်တွင် ကားများကို ရပ်တန့်ပိတ်ဆို့ထားခဲ့ကြတာတွေ့ရပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း ၊ ဟုမ်းလမ်းထိပ်အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွန်တိန်နာကားများကို ည ၉ နာရီမှ ထွက်ခွင့်ပြုသောကြောင့် ဆန္ဒပြရခြင်းဟု လတ်တလောသတင်းများအရသိရပါတယ်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်မှ စတင်ကာ ခြောက်ဘီးအထက်ယာဉ်များကို ည ၈ နာရီမှ နောက်နေ့မနက် ၆ နာရီထိသာ မောင်းနှင်ခွင့်ပြုရန် တိုင်းအစိုးရမှ သတ်မှတ်ထားပြီး ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့က ည ၉ နာရီမှ မနက် ၆ နာရီ သတ်မှတ်လိုက်ခြင်းကြောင့်လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။  

လက်ရှိအထိပိတ်ဆို့နေတဲ့ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်ထိန်းရဲများနှင့် ရဲတပ်ဖွဲ့မှ ရောက်ရှိနေပြီး ညှိနှိုင်းလျှက်ရှိကြောင်း သိရပါတယ်။ လက်ရှိ အထိပိတ်ဆို့နေတဲ့ ကည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း ယာဉ်တန်းပုံရိပ်များကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - tINA PHYO 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။