အခွန်ဆောင်လာတာ နှစ် ၂၀ ကျော်နေပြီ ဆိုတဲ့ အကယ်ဒမီ ခိုင်သင်းကြည်

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ အခွန်ဆောင်အနုပညာရှင်များ စာရင်းကြေညာခဲ့ခြင်းနဲ့ ပတ်သတ်ပြီး အနုပညာရှင်များဖက်မှ တုံ့ပြန်မှုတွေ ရှိလာသလို ပရိသတ်တွေကြားမှာလည်း စိတ်ဝင်စားစရာ သတင်းဖြစ်နေပါတယ်။

ပရိသတ်တွေကတော့ ကိုယ်အားပေးတဲ့ အနုပညာရှင်တွေ အခွန်မှ ဆောင်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ပေါ့………

အခွန်ဆောင် အနုပညာရှင်စာရင်းမှာတော့ ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး နေတိုး ဖွေးဖွေး နဲ့ ခန့်စည်သူတို့က ဦးဆောင်ခဲ့ကြပြီး တခြားသော နာမည်ကြီးအနုပညာရှင်များအပါဝင် စုစုပေါင်း ၁၉ ဦး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခွန် ၃၀၀၀၀၁ မှ ၁၀၀၀၀၀၀ အတွင်း အခွန်ဆောင်ခဲ့တဲ့ အကယ်ဒမီ ခိုင်သင်းကြည်ကတော့ သူမရဲ့ လူမှုကွန်ယက်မှာ ယခုလို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

"စမီးအရွယ်ကြော်ငြာတွေရိုက်စ ၁၉၉၅ခုနှစ်ကတည်းကစပြီးဆောင်ခဲ့တာပါအနှစ်၂ဝကျော်ပါပြီ?(အရင်နှစ်တွေကဒီ့ထက်များပါတယ်?)"

Source: Khine Thin Kyi

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။