အဖုအပိတ်ရောဂါတစ်မျိုးကြောင့် အခတ်တွေ့နေရတဲ့ မုံရွာမြို့နေ ဆရာတော်တစ်ပါးရဲ့ ဖြစ်စဉ်ကတော့ လက်ရှိ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြန့်နှံ့လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဆရာတော်ကတော့ မုံရွာမြို့ကွေ့ကြီးရပ်ရာပြည့်လမ်းနှင့် မေတ္တာလမ်းဇနကာရုံကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးပဲဖြစ်ပါတယ်။ လက်ရှိ ဆရာတော်ရဲ့ ရောဂါကိုကုသနိုင်ရန် နေပြည်တော်မြို့ရှိ ဇဗ္ဗူသီရိဆေးရုံအဆောင် ၁၀ အခန်း ၅၀၅ မှာ တက်ရောက်ကုသလျှက်ရှိကြောင်း သိရပါတယ်။ ဆရာရောဂါအတွက် အလှူခံမှုတွေကတော့ မကြာခဏပြုလုပ်လျှက်ရှိပြီး လက်ရှိအထိကုသိုလ်ရှင်တွေလိုအပ်လျှက်ရှိတာတွေ့ရပါတယ်။  

ဆရာတော်ရဲ့ရောဂါကုသနိုင်ရန်အတွက် မဇ္ဈိမဂုဏ်ရည်ဆရာတော်အရှင်ကောဝိဒမှဦးဆောင်၍ အလှူငွေ သိန်း ၁၀၀ ကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အလှူကတော့ မဇ္ဈိမဂုဏ်ရည်ဆရာတော်အရှင်ကောဝိဒမှသိန်း ၅၀ မတည်ပြီး အခြားကုသိုလ်ရှင်များက အသီးသီပါဝင်လှူဒါန်းခဲ့ကြပြီး အလှူငွေကို ကိုယ်တိုင်ကြွရောက်လှူလှမ်းခဲ့တာတွေ့ရပါတယ်။  

အဆိုပါ လှူဒါန်းမှုပြုလုပ်ခဲ့သည့်နေ့တွင် မဇ္ဈိမဂုဏ်ရည်ဆရာတော်အရှင်ကောဝိဒမှအားပေးစကားပြောကြားခဲ့ပြီး လိုအပ်ချက်များကိုလည်း ထပ်မံလှူဒါန်းသွားရန်ပြင်ဆင်ထားကြောင်းပြောကြားခဲ့တာတွေ့ရပါတယ်။ လှူဒါန်းခဲ့တဲ့ အလှူရှင်အသီးသီးကိုလည်း မုံရွာဆရာတော်ကြီးမှ ပြန်လည်မေတ္တာပို့သခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် လက်ရှိဆေးကုသမှုခံယူနေတဲ့ မုံရွာဆရာတော်ကြီးနှင့် မဇ္ဈိမဂုဏ်ရည်ဆရာတော်အရှင်ကောဝိဒတို့ရဲ့ တွေ့ဆုံမှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vEDIO - PEOPLE 'S VOICE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။