ပြည်ပနိုင်ငံများသာမက ပြည်တွင်းနိုင်ငံများမှာလည်း ဖြစ်လေ့ရှိတဲ့ မိုးကြိုးပစ်ခံရသူတွေရဲ့ သတင်းတွေကိုတော့ ပရိသတ်တွေလည်း ကြားသိရမယ်ထင်ပါတယ်။ မိုးတွင်းကာလတွင်သာမက မိုးအကုန်အခြားသောရာသီဥတုတွေမှာလည်း ရံဖန်ရံခါဖြစ်ပေါ်လေ့ရှိတာတွေ့ရပါတယ်။ မနေ့က အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးကြိုးပစ်မှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ဖြစ်စဉ်ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၄ နာရီ ၁၅ မိနစ်အချိန် သုံးခွမြို့နယ်၊ ထွန်းစိန် ကျေးရွာနေ ဦးဇော်ဌေး (၄၀) နှစ်ဟာ ပင်လယ်ကမ်းစပ်မှာ ငါးဖမ်းထွက်ဖို့ ပြင်ဆင်နေစဉ် မိုးကြိုး ပစ်တဲ့အတွက် ဝဲချိုစောင်း၊ နဖူး၊ နားသွေးထွက်၊ လက်ပြင်၊ ဝမ်းဗိုက်ညိုမည်း ပွန်းပဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ထို့အပြင် ညနေ ၃ နာရီအချိန်မှာလည်း ကွမ်းခြံကုန်းမြို့နယ်၊ တော်လန်းကျေးရွာနေ ဒေါ်ညို (၆၄) နှစ်ဟာ သူ၏နေအိမ်မှာထိုင်နေစဉ် မိုးကြိုးပစ်တဲ့အတွက် နဖူး၊ ဝဲပါးညိုမည်း ဒဏ်ရာတွေနဲ့ သေဆုံး သွားခဲ့တယ်လို့ ကနဦးသတင်းများက ဖော်ပြထားပါတယ်။  

ဒေါ်ညိုကို ဒရယ်လူးတိုက်နယ်ဆေးရုံနဲ့ ဦးဇော်ဌေးကိုလည်း သုံးခွဆေးရုံတွေကို အသီးသီးပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာရဲစခန်းတွေက သေမှုသေခင်းအမှတ်စဉ် (၂၄/၂၀၁၈)နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း ပုံရိပ်တွေကတော့ ချစ်ပရိသတ်တွေထိပ်လန့်စေခဲ့မှာတော့အမှန်ပဲဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ကြီးနဲ့အတူ လိုက်ပါလာတဲ့ ကပ်ဆိုးကြီးရဲ့ ဖြစ်စဉ်တွေထဲက တစ်ခုဖြစ်တဲ့ မနေ့က မိုးကြိုးပစ်ခံရသူနှစ်ဦးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်ကို မျှဝေပေးလိုက်ပါတယ်။

Photos - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။