ဘာစီလိုနာ ဂန္ဓဝင် ကစားသမားများ အသင်းနဲ့ မန်ယူဂန္ဓဝင် ကစားသမားများ အသင်းတို့ နူးကမ့်မှာ ကစားကြမယ့် အဆိုပါ ရံပုံငွေပွဲကို ပြီးခဲ့တဲ့ နှစ်တုန်းက ယှဉ်ပြိုင်ကစားကြဖို့ ရှိခဲ့ကြပါတယ် ။ ဒါ့အပြင် အိုးလ်ထရပ်ဖို့မှာ ကစားကြမယ့် ပွဲစဉ်ကို စက်တင်ဘာလမှာ ကစားဖို့ သတ်မှတ်ခဲ့ကြပေမယ့် ယူရို 2016 ကြောင့် အဆိုပါ ပွဲတွေ ပျက်ခဲ့ရပါတယ် ။

အခုတော့ ဘာစီလိုနာနဲ့ မန်ယူ ဂန္ဓဝင် All Star အသင်းဟာ ရံပုံငွေ ပြိုင်ပွဲကို ဇွန်လ 30 ရက်နေ့ ၊ နူးကမ့်ကွင်းမှာ ပြန်လည် ကစားကြဖို့ ရှိနေကြပါပြီ ။ လက်ရှိအချိန်ထိတော့ အဆိုပါ ပွဲစဉ်မှာ ဘယ်သူတွေ ပါဝင်ယှဉ်ပြိုင်ကြမလဲဆိုတာ အတည်ပြုချက် တစ်ရပ် ထွက်ပေါ်မလာသေးပေမယ့် မန်ယူဂန္ဓဝင်ဖက်ကတော့ ပေါလ်စခိုးလ် ၊ ဒွိုက်ယော့ခ်နဲ့ ဒင်းနစ်အာဝင်တို့ ပါဝင်ယှဉ်ပြိုင်ဖို့ အနေအထား ရှိနေကြပါတယ် ။

ပြီးခဲ့တဲ့နှစ်က ယှဉ်ပြိုင် ကစားကြမယ့် ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဖက်က စတွိုက်ကော့ဗ် ၊ မန်ဒီယေတာနဲ့ ရော်နယ် ဒီဘိုးဝါးတို့ ကစားပေးကြဖို့ ရှိခဲ့ကြပါတယ် ။ အခုနွေမှာ ကစားရင်တော့ ဘာစီလိုနာ ဂန္ဓဝင်အသင်းဖက်က ဘရာဇီးအသင်း ဂန္ဓဝင် ရော်နယ်ဒင်ဟို ပါဝင် ကစားပေးနိုင်ဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ် ။

အသက် 36 နှစ်ရှိပြီဖြစ်တဲ့ ဒင်ဟိုဟာ အသင်းကို သံတစ်မန်ရေးရာအတွက် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူအသင်းမှာ ပါဝင်လာဖို့အတွက် အနေအထားအချို့ ရှိနေပါတယ် ။ အဆိုပါ ယှဉ်ပြိုင်ပွဲကနေ ရရှိလာမယ့် ရံပုံငွေတွေကိုတော့ ဘာစီလိုနာ ဖောင်ဒေးရှင်းကို ပေးအပ်သွားမှာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာနဲ့ မန်ယူတို့ နောက်တစ်ပွဲ ပြန်လည်တွေ့ဆုံမှု အနေနဲ့ နောက်တစ်ပွဲကို စက်တင်ဘာ 2 ရက်နေ့ ၊ အိုးလ် ထရပ်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားသွားလိမ့်မယ်လို့ သိရပါတယ် ။

Ref : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။