ဆူဇူကီးဖလားပြိုင်ပွဲဝင်မယ့်မြန်မာအသင်းကတော့လာမယ့်၁၃ရက်နေ့ည၆နာရီမှာ

တောင်အမေရိကနာမည်ကြီးတစ်သင်းဖြစ်တဲ့ဘိုလီဗီးယားအသင်းနဲ့ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာမနေ့ကညပိုင်းကလည်းအင်ဒိုနီးရှားအသင်းနဲ့အင်ဒိုနီးရှားနိုင်ငံမှာခြေစမ်းပွဲကစားခဲ့ပြီး၃-ဝဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာနာမည်ကြီးကစားသမားတွေဖြစ်တဲ့အောင်သူတို့မပါဝင်လာခဲ့ပါဘူး။ဒီပွဲမှာ

နည်းပြကြီးကလူငယ်တွေကိုအများအပြားပွဲထုတ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။အပိုင်အခွင့်အရေးတွေ

ရပေမယ့်လည်းအသုံးမချနိုင်ခဲ့ပါဘူး။၁၃ရက်နေ့မှာခြေစမ်းမယ့်ဘိုလီဗီးယားအသင်းနဲ့ခြေစမ်းပွဲမှာလည်း

လူငယ်တွေနဲ့ပွဲထွက်လာမလားဆိုတာတော့ပရိတ်သတ်တွေစိတ်ဝင်စားစရာပါပဲ။

ဘိုလီဗီးယားအသင်းဟာကမ္ဘာအဆင့်၅၄မှာရပ်တည်နေတဲ့အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းတို့ကိုအနိုင်ကစားနိုင်တဲ့ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့

ဘိုလီဗီးယားအသင်းကိုခက်ခက်ခဲခဲနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာတော့၁၃ရက်နေ့ည၆နာရီမှာစောင့်မျှော်ကြည့်ရှူ့ရမှာဖြစ်ပါတယ်။

ဘိုလီဗီးယားအသင်းကတော့မနေ့ညနေကရန်ကုန်ကိုရောက်လာပြီးအပေါ့စားလေ့ကျင့်ခန်းအစီစဉ်တွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။