နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနဲ့ ထိုင်းအမျိုးသမီး လက်ရွေးစင်အသင်းတို့ဟာ ယနေ့ ညနေ (၅) နာရီမှာ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းဟာ ထိုင်းအမျိုးသမီး လက်ရွေးစင်အသင်းနဲ့ တရုတ်နိုင်ငံ Foshan ဖိတ်ခေါ်ဖလားမှာ နောက်ဆုံးတွေ့ဆုံထားပြီး သုံးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားပါတယ်။

ခြေစမ်းပွဲအတွက် လက်မှတ်ခနှုန်းထားများကို ရိုးရိုးတန်း (၁၀၀၀) ကျပ်နဲ့ အထူးတန်း (၂၀၀၀) ကျပ် သတ်မှတ်ထားပြီး မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)နဲ့ ဗထူးကွင်းတို့မှာ စတင် ရောင်းချပေးနေပါပြီ။ ဒါ့အပြင် ပွဲမစခင် ညနေ (၃) နာရီက စတင်ပြီး ပွဲကစားမယ့် မန္တလာသီရိ အားကစားကွင်းကြီးမှာလည်း ရောင်းချပေးသွားမှာပါ။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။