လူတွေဟာ သရဲအိမ်ဆိုတဲ့ နာမည်လေးကြားလိုက်တာနဲ့ ကြောက်လန့်ကြပေမယ့် တချို့သူတွေကတော့ ကိုယ်တိုင်လည်းထိတ်လန့်သလိုခံစားနေရပေမယ့် စူးစမ်းချင်တဲ့စိတ်နဲ့ ထိုအိမ်ထဲကို ဝင်ချင်ကြတဲ့သူတွေရှိကြပါတယ်။

ကမ္ဘာပေါ်မှာလည်း သရဲအိမ်လို့ လူတွေခေါ်ဆိုကြတဲ့ အိမ်တွေများစွာရှိပေမယ့် အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုက မက်က်ကမ်မေးမန်နော် အမည်နဲ့ဖွင့်လှစ်ထားတဲ့ အပန်းဖြေအိမ်ကြီးကတော့ လူအများကြားမှာ စိတ္တဇ အိမ်မက်ဆိုး ဆိုတဲ့အမည်နဲ့ကျော်ကြားလို့နေပါတယ်။  

ဒီအိမ်ကြီးကတော့ သာမန်အပန်းဖြေအိမ်တွေနဲ့ အိမ်တွေနဲ့ မတူဘဲ သင့်ကို ခြောက်ခြားစရာကောင်းလှတဲ့ သရဲကမ္ဘာထဲကို ခေါ်ဆောင်သွားမယ့် အိမ်တလုံးပဲဖြစ်ပါတယ်။

ဒီအိမ်ကြီးထဲကို ဝင်လိုက်မယ်ဆိုရင်တော့ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ တာရန်တူလာတွေ၊ ကြွက်အရှင်တွေ၊ မျက်နှာဖုံးစွပ်ထားတဲ့ ထိတ်လန့်စရာ လူတွေအပြင် သွေးတွေ အလိမ်းလိမ်းပေကျံနေတဲ့ သရဲတွေကို ကိုယ်တိုင်မြင်တွေ့သွားနိုင်မှာပဲဖြစ်ပါတယ်။

ဒီအိမ်ကြီးထဲက ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုဟာဆိုရင်လည်း ကြည့်နေရင်းနဲ့ အင်မတန်မှကြောက်ရွံ့ထိတ်လန့်စရာကောင်းလှပြီး ကြောက်လွန်းလို့ အသံပြဲတွေနဲ့ အော်ဟစ်ငိုယိုနေတဲ့ လူတွေကိုလည်း တွေ့နိုင်မှာပါ။

အခုအချိန်ထိဆိုရင်လည်း ဒီအိမ်ကြီးထဲမှာ ၆ နာရီထက်ကြာအောင် နေနိုင်တဲ့သူတစ်ဦးတစ်ယောက်မှမရှိသေးပါဘူး။

ဒီအိမ်ကြီးထဲကို ဝင်မယ်ဆိုရင် နှလုံးရောဂါရှိသူတွေအနေနဲ့ အင်မတန်ထိပ်လန့်ပြီး နှလုံးရပ်တာမျိုးတွေဖြစ်သွားနိုင်တဲ့အထိပါ ကြောက်ရွံ့စရာကောင်းလှပါတယ်။

အိမ်ကြီးထဲက အရာတွေဟာ လူတွေဖန်တီးထားတဲ့ အရာတွေသာဖြစ်ပေမယ့် ပြောမပြတတ်လောက်အောင်ကို သွေးပျက်ကြောက်လန့်စရာကောင်းလှပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ဒီအိမ်ကြီးထဲကို ဝင်ရောက်နိုင်ဖို့အတွက် ဆောင့်စိုင်းနေကြသူ ၂ သောင်း ၄ ထောင်လောက်ရှိနေပါတယ်။ပရိသတ်တွေထဲမှာရော ဒီသရဲအိမ်ကြီးထဲကို ဝင်ချင်တဲ့သူတွေများ ရှိနေရဲ့လား။အောက်မှာ ဗီဒီယိုလေးပါ ထည့်ပေးထားတယ်နော်။ 

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။