မြန်မာနိုင်ငံရဲ့ Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးတစ်ယောက် ငပလီကမ်းခြေထက်က သူမရဲ့အမိုက်စားပုံရိပ်တစ်ခုကို Instagram ရဲ့ my day မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ ကောက်ကြောင်းအလှကတော့ တကယ့်ကိုကြွေချင်စရာပါပဲ။ အရည်အချင်းရှိပြီး အောင်မြင်နေတဲ့ မင်းသမီး တစ်လက်ဖြစ်ပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။

မျက်နှာခွဲစိတ်မှုပြုလုပ်ပြီးနောက် သူမရဲ့အလှတွေက ပိုမိုပေါ်လွင်လာခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားရိုက်ကူးထားပြီး အောင်မြင်တဲ့ အမျိုးသမီးတစ်ဦးအဖြစ်နဲ့ သူမကရပ်တည်နေတာပဲဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေလုပ်နေရင်းနဲ့ပဲ သူမရဲ့ Beauty Blogger Facebook Page လေးမှာ အလှအပဆိုင်ရာအကြောင်းအရာလေးတွေကိုလည်း တင်ဆက်ပေးနေပါသေးတယ်။

ချစ်သူကိုလွမ်းနေတဲ့ ချီချီတစ်ယောက် ချစ်သူနဲ့အတူ Video Call Chat ထားတာလေးကိုလည်း တင်ထားပါသေးတယ်။ ချစ်စရာကောင်းတဲ့ချီချီ တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး ပျော်ပျော်နေတတ်တဲ့ သူမရဲ့အမူအရာလေးတွေကလည်း တကယ်ကိုချစ်စရာကောင်းလွန်းပါတယ်။ ချီချီ့ရဲ့ ငပလီကမ်းခြေထက်က အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေ းလိုက်ပြီနော်။

Photo - Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။