အကယ်ဒမီလူမင်းဟာ သူ ့ရဲ ့Facebook စာမျက်နှာမှတဆင့် ပြည်တွင်းအခွန်များဦးစီးဌာနသို ့လို ့လိပ်မူပြီး တုန် ့ပြန်စာပို ့လိုက်ပါတယ်။

အသိပေးကြေငြာချက်ထုတ်ပြန်ရာတွင် “ကျသင့်သည့် အခွန်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်််ခဲ့သော အနုပညာရှင်များ စာရင်းကို …အသိပေးကြေငြာ

အပ်ပါသည်” ဟု ရေးသားထားပါသဖြင့် ဖေါ်ပြပါအနုပညာရှင် (၁၉) ဦးမှလွဲ၍ ကျန်အနုပညာရှင်များသည် အခွန်လုံးဝထမ်းဆောင်ခြင်းမရှိဟု အဓိပ္ပါယ်

သက်ရောက်နေပါသည်။

သို ့သော် ကျွန်တော်အပါအဝင် နှစ်စဉ်အခွန်ထမ်းဆောင်သော အနုပညာရှင်များစွာရှိနေပါသေးသည်။

ယခုဘဏာနှစ်ကုန်ဆုံးရန်လည်း ရက်အနည်းငယ်ကျန်ရှိနေသေးသည်ဖြစ်ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ

နှစ်အတွက်သာ ထမ်းဆောင်ရန်ကျန်ရှိနေခြင်းများလည်း ဖြစ်နို်င်ပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ အခွန်ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ယခုနှစ်အတွက်လည်း ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ပါသည်။

လွန်ခဲ့သော လအနည်းငယ်ကပင် သက်ဆိုင်ရာ အခွန်ဦးစီးအရာရှိများနှင့် ရုပ်ရှင်အစည်းအရုံးတို ့တွေ ့ဆုံဆွေးနွေး၍ အခွန်ထမ်းဆောင်ရန် စည်းရုံးလှုံ ့ဆော်မှုများပြုလုပ်လျက်ရှိပါသည်။

သို ့ပါ၍ အများပြည်သူ သိရှိနိုင်ပါရန် အခွန်ထမ်းအနုပညာရှင်များ၏ ကိုယ်စားပြန်လည်ရှင်းလင်းတင်ပြအပ်ပါသည်။

Source: Ayarwady Lu Min 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။