ဆုမှားကြေငြာခဲ့တဲ့ Oscar ပွဲည။ ခုထိပရိသတ်တွေက ဝေဖန်လို့မပြီးကြတော့ပါဘူး။

တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ တင်ဆက်သူများအဖြစ် ဆောင်ရွက်ခဲ့ကြတဲ့ Warren Beatty နဲ့ Faye Dunaway တို့ကို Steve Harvey က ကူညီနှစ်သိမ့်ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ အကြောင်းရင်းကတော့ သူတို့နှစ်ယောက်က အကောင်းဆုံးရုပ်ရှင်ဆုကို မှားယွင်းကြေငြာခဲ့မိလို့ပါပဲ။

အကောင်းဆုံးရုပ်ရှင်ဆုနာမည်ကို ထည့်ထားတဲ့ စာအိတ်အစား အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုနာမည်ထည့်ထားတဲ့ စာအိတ်ကို Beatty လက်ခံခဲ့ပြီး တွဲဖက်တင်ဆက်သူ Faye Dunaway ကို La La Land ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို Emma Stones ကရရှိကြောင်း ရေးသားထားတဲ့ စာကိုဖတ်ပြီး အကောင်းဆုံးရုပ်ရှင်ဆုကို La La Land ကရရှိသွားကြောင်း ကြေငြာခဲ့ပြီး La La Land ဇာတ်ကားက သရုပ်ဆောင်တွေကို စင်ပေါ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ တကယ်တော့ အကောင်းဆုံးရုပ်ရှင်ဆုကိုရရှိခဲ့တဲ့ ဇာတ်ကားက Moonlight ဇာတ်ကားဖြစ်ပါတယ်။

ဒီလို မှားယွင်းကြေငြာခဲ့မှုကြောင့် အရှက်ကွဲခဲ့ရတဲ့ တင်ဆက်သူနှစ်ယောက်ကို 2015 ခုနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ ဆုရသူကို မှားယွင်းကြေငြာခဲ့ဖူးတဲ့ Harvey က သူ့ရဲ့ တနင်္လာရေဒီယိုအစီအစဉ်မှာ ဒီလိုဖြစ်သွားလို့ ခံစားရတဲ့ ရှက်ရွံ့နာကျင်မှုကို သူနားလည်ကြောင်း၊ ဒီကိစ္စအပေါ် စိတ်သက်သာရာရအောင် သူကူညီနိုင်တဲ့အတွက် သူ့ကို ဆက်သွယ်နိုင်ကြောင်း ပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။