Cheap Thrills သီချင်းရဲ့မူရင်းအဆိုတော်ပိုင်ရှင်ဖြစ်တဲ့ အသံအားကောင်းလွန်းလှတဲ့ အဆိုတော် SIA ကို ခေတ်လူငယ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်သူမှ မျက်နှာကိုတစ်ဝက် ဒါမှမဟုတ် အပြည့်ဖုံးထားတတ်တဲ့ SIA ရဲ့ နောက်ကွယ်ကအကြောင်းကို မသိကြပါဘူး။
ဒီတစ်ခါမှာလည်း ကျော်ကြားတဲ့အနုပညာရှင်ပေါင်းများစွာက သူ့ထက်ငါ အပြိုင်အဆိုင် အလှပြကြတဲ့ ကျော်ကြားတဲ့ အကယ်ဒမီပေးပွဲကြီးကို SIAတစ်ယောက်ကတော့ သူ့ဖက်ရှင်ဖြစ်တဲ့ မျက်နှာကို ဖုံးကွယ်ထားတဲ့ အညိုတစ်ဝက် ရွှေရောင်တစ်ဝက် ဆံပင်တု၊ လုံခြုံတဲ့ လိမ္မော်ရောင်တောာက်တောက်ဝတ်စုံနဲ့ တက်ရောက်ခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ ဘာဖြစ်လို့ ဒီလိုဖုံးကွယ်ထားရတာလဲဆိုတဲ့ မေးခွန်းကို ဂီတနဲ့ သီချင်းတွေကို ဖန်တီးသီဆိုရတာ နှစ်သက်ပေမဲ့ ကိုယ်ပိုင်ဘဝရဲ့ လွတ်လပ်မှုကိုလည်း တန်ဖိုးထားတဲ့အတွက် အခုလို သူ့ကို ဘယ်သူမှမမြင်ရအောင် ဖုံးကွယ်ထားတာဖြစ်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။
Source : MODA
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။