ဂျာမနီ သိပ္ပံပညာရှင်များ၏ လေ့လာ တွေ့ရှိချက်အရ အာကာသ ယာဉ်မူးများသည် သာမာန် လူများထက် အရေပြား (၂၀) ရာခိုင်နှုန်း ပိုပါးနေကြကြောင်း သိရသည်။ ပညာရှင်များသည် အာကာသ ယာဉ်မူးများ၏ အရေပြားများကို ရုပ်ထွက် အရည်အသွေးမြင့် ဓာတ်ပုံများ ရိုက်ယူကာ နှိုင်းယှဉ် လေ့လာခဲ့ခြင်း ဖြစ်သည်။ အာကာသ ယာဉ်မူးများ နိုင်ငံတကာ အာကာသ စခန်းသို့ မသွားမီနှင့် သွားနေပြီး ခြောက်လ အကြာတွင် ရှိနေသော အရေပြား အထူအပါးကို နှိုင်းယှဉ်ကြည့်ခဲ့ခြင်း ဖြစ်သည်။ 

ဂျာမနီ ဆားလန်း တက္ကသိုလ်မှ ပါမောက္ခ ကာစတန် ကိုနစ်ဂျ်နှင့် အဖွဲ့က လေ့လာမှု ပြုခဲ့ခြင်း ဖြစ်သည်။ အီတလီ အာကာသယာဉ်မူး လူကာ ပါမီတာနို၊ ဆာမန်သာ ခရစ်တိုဖိုရတ်တီ၊ ဂျာမနီ အာကာသ ယာဉ်မူး အလက်ဇန္ဒား ဂါရတ်စ်တို့၏ အရေပြား အထူအပါးကို လေ့လာ မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။

မစ္စခရစ်တို ဖိုရတ်တီသည် ၂၀၁၄ နိုဝင်ဘာတွင် နိုင်ငံတကာ အာကာသ စခန်းသို့ သွားရောက်ခဲ့ပြီး ယခုနှစ် ဇွန်(၁၁) ရက်နေ့က ကမ္ဘာမြေသို့ ပြန်ရောက်သည်။ 

အာကာသ စခန်းတွင် (၁၉၉) ရက် နေထိုင်ကာ အာကာသ စခန်းတွင် အကြာဆုံး နေထိုင်သော အမျိုးသမီး အဖြစ်လည်း စံချိန်တင်ခဲ့သည်။ မစ္စခရစ်တို ဖိုရတ်တီ၏ အရေပြားကို လေ့လာ ကြည့်သည့်အခါ မသွားခင်ကထက် (၂၀) ရာခိုင်နှုန်းလောက် ပိုပါးသွားကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ အရေပြား ပါးသွားခြင်းကြောင့် မည်သည့် အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း ကိုကား ဆက်လက် လေ့လာနေဆဲ ဖြစ်သည်။ 

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။