ပြည်တွင်း မကြာခဏဖမ်းဆီးရမိလေ့ရှိတဲ့ မူးယစ်ဆေးဝါးရောင်းဝယ် သုံဆွဲမှုတွေကိုတော့ အားလုံးလည်း ကြားမိကြလိမ့်မယ်ထင်ပါတယ်။ အဆိုပါဖြစ်စဉ်တွေထဲမှာတော့ ထူးထူးဆန်းဆန်းဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကတော့ သာယာဝတီမြို့ရှိ သာယာဝတီအကျဉ်းထောင်လုံခြုံရေးဝန်းထမ်းတစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ခြင်းပဲဖြစ်ပါတယ်။  

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ သာယာဝတီအကျဉ်းထောင်ထဲရှိ ထောင်ဝန်ထမ်း တစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၃ ပြား ဖမ်းဆီးရရှိခဲ့တယ်လို့ သာယာဝတီခရိုင် မှုခင်းတပ်ဖွဲ့ထံက သိရပါတယ်။ သာယာဝတီဗဟိုအကျဉ်းထောင်မှာ လုံခြုံရေးဝန်ထမ်းတွေက တံခါးမကြီးအတွင်း တာဝန်အရ စစ်ဆေးရှာဖွေရာ အကျဉ်းထောင်လုံခြုံရေးဝန်ထမ်း တပ်သားသက်ပိုင်ဦးရဲ့ ကွင်းထိုးဖိနပ်ထဲမှာ ပလတ်စတစ် အပြာရောင် အိတ် ၄ထပ်နဲ့ ထုပ်ထားတဲ့ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေး ၇၉၃ ပြားအား ပစ္စည်းနှင့်တကွ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ အကျဉ်းထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက တရားလိုပြုလုပ် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သာယာဝတီခရိုင် မှုခင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ သာယာဝတီထောင်မှာ အရင်ကလည်း အကျဉ်းသား တစ်ဦးထံက စိတ်ကြွရူးသွပ်ဆေး အပြား ၅၀ ဖမ်းမိတာနဲ့ အကျဉ်းသားတစ်ဦးရဲ့ စအိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၂ပြား ဖမ်းဆီးရမိခဲ့တာတွေ ရှိဖူးတယ်လို့ သိရပါတယ်။

Photos - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။