ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးမှာကတော့ တော်တော်လေးကို အံ့သြရလောက်တဲ့ ဖြစ်ရပ်လေးတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ အိမ်တစ်အိမ်ထဲမှာ လူစိမ်းတစ်ယောက် ဝင်နေတာကို ခြောက်လလောက်ကြာတဲ့အထိ မသိခဲ့တဲ့ ဂျပန်နိုင်ငံက အိမ်ရှင် အမျိုးသမီး တစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ဂျပန်နိုင်ငံက အသက် ၉၀အရွယ်အမျိုးသမီးဟာ သူမတစ်ဦးတည်းသာ အိမ်တစ်လုံးတည်းတွင် နေထိုင်နေတာ ဖြစ်ပြီး

သူမရဲ့ သား ဖြစ်သူ အိမ်ကို လာလည်တော့မှ အိမ်ထဲ သူစိမ်းဝင်ရောက်နေထိုင်တာကို သိရပါတော့တယ်။ အစပိုင်းမှာတော့ သား ဖြစ်သူဟာ အိမ်ထဲမှ အသံဗလံများ ကြားရ၍ အိမ်ပေါ်သို့ တက်ကြည့်ရာ သူမမြင်ဖူးတဲ့ သူစိမ်းယောကျာ်း တစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်။ အသက် ၂၀ အရွယ်အရွယ် သူစိမ်းတစ်ဦးဟာ အိမ်ထဲမှာ အိပ်နေတာကို တွေ့လိုက်ပေမယ့်လည်း အံ့သြသွားကာ သူ့အမေကို မေးကြည့်တော့လည်း မသိဖူးလို့ပြောတာကြောင့် 

ရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်ရပါတော့တယ်။ ရဲများရောက်လာပြီး ထို သူစိမ်းကို ဖမ်းဆီးကာ ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့သော်လည်း ထို လူစိမ်းက ယခုအချိန်အထိ ဘာကြောင့် ခိုးဝင်ရသလဲဆိုတာကို ထုတ်မပြောသေးပါဘူး။ ဒါပေမယ့်လည်း ထိုလူစိမ်းက သူ ဒီဇင်ဘာလလောက်ကတည်းက ထိုအိမ်ထဲမှာ ခိုးဝင်ပြီး နေထိုင်တယ်ဆိုတာ တစ်ခုပဲ ဝန်ခံ ထားပါတယ်။ အိမ်ထဲ သို့ ခိုးဝင်ပြီးနေထိုင်သော်လည်း အိမ်ရှင်ကို ရန်မပြုပဲ နေထိုင်တာကြောင့် အိမ်ရှင်အဘွားအို အနေနဲ့ အတော်ကို ကံကောင်းတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။  

Source : Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။