မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ ပြည်တွင်းဖြစ်စဉ်တွေထဲမှာ ဗုဒ္ဓဘာသာရှေးဟောင်းစေတီတော်များ ပြိုကျပျက်ဆီးမှုတွေက များစွာပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဗုဒ္ဓဘာသာစေတီပုထိုးများ ပြိုကျပျက်ဆီးမှုတစ်ခုကတော့ မနေ့ကအောက်တိုဘာလ ၁၁ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အောက်တိုဘာ ၁၁ ရက်နေ့ မနေ့က ညနေပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခဲ့တာကြောင့် ဥမ္မာဒန္တီမင်းသမီး စတင်တည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းဘုရားတဆူ မိုးကြိုးထိမှန်ပြီး စိန်ဖူးတော်မြေခခဲ့ကြောင်း သိရပါတယ်။ မိုးကြိုးထိမှန်ခဲ့တဲ့ စေတီတော်ဟာ ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် တောရကျောင်းလမ်းက သဒ္ဓမ္မသီတဂူ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ တည်ရှိတာဖြစ်ပြီး ဉာဏ်တော် ပေ ၅၀ ရှိတဲ့ မြတ်ချမ်းသာစေတီတော် ဖြစ်ပြီး စိန်ဖူးတော် ထီးတော် ငှက်မြတ်နားတော်တွေ မိုးကြိုးတိုက်ရိုက်ထိမှန်တာကြောင့် မြေခခဲ့တာလို့ ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်မြင့်ထွန်းနိုင် က ပြောပြခဲ့ပါတယ်။ 

“ကျောင်းကိုရောက်နေတဲ့ အမျိုးသမီးတဦးက အနီလုံးကြီးကိုတွေ့လိုက်တယ်။ မိုးကြိုးထိမှန်းသိတော့ ဆရာတော်ကို သွားလျှောက်ပြီး အသိပေးတာ အလှူရှင်တွေစုပေါင်းပြီး လှူတာနဲ့ စေတီတော်ကို ပြန်ပြီးပြုပြင်လှူဒါန်းသွားမယ်လို့ သိရတယ်။” ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရလို့ သေဆုံးသူ ၂၅ ဦး ရှိနေပြီဖြစ်ပြီး စေတီတော်တဆူကို မိုးကြိုးထိမှန်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး စာရင်းတွေအရ သိရှိရပါတယ်။

Photos - DVb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။