ယခုလတ်တလော လူမှုစာမျက်နှာထက်မှာ နာမည်ရ မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ ဟိန်းမင်းသူတစ်ဦး ဆေးရုံတင်ထားရတဲ့ သတင်းဟာ ပရိသတ်တွေကြား ပျံ့နှ့ံလို့နေပါတယ်။ မနေ့ညနေက သူ့ရဲ့ Facebook အကောင့် ဟက်ခံခဲ့ရပြီး messenger ကအကြောင်းအရာ တစ်ချို့ဖွင့်ချခံခဲ့ရတဲ့အတွက် စိတ်ထိခိုက်ခဲ့ရတဲ့ ဟိန်းမင်းသူဟာ အိပ်ဆေးသောက်အလွန်အကျွန်သောက်ပြီး နှလုံးထိခိုက်မှုဖြစ်ကာ ဆေးရုံတင်ထားရပါတယ်လို့ သိရပါတယ်။

သူငယ်ချင်းအနုပညာရှင်တွေဖြစ်ကြတဲ့ တိုင်ရွန် ပိုင်တံခွန်နဲ့ အခြားသူတွေကတော့ ဟိန်းမင်းသူအတွက် စိတ်မကောင်းဒေါသဖြစ်နေကြပြီး သူငယ်ချင်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ဟိန်းမင်းသူရဲ့ အမာခံပရိသတ်တွေကလည်း သူ့အတွက် စိတ်မကောင်းဖြစ်နေကြပြီး တိုင်ရွန်ကတော့ အခြေအနေ အနည်းငယ်သက်သာလာပြီဖြစ်ကြောင်းကို ယခုလိုရေးသားထားတာ တွေ့ရပါတယ်။ 

"ဟိန်းမင်းသူသက်သာပီဗျ ကျွန်တော်တို့လည်းသူငယ်ချင်းဇောနဲ့အမှားပါမိရင်တောင်းပန်ပါတယ်" ဆိုပြီး သူတင်ထားတဲ့ post ရဲ့ comment မှာရေးသားထားတာ တွေ့ရပါတယ်။ အနုပညာရှင်တွေကြားမှာတော့ cyber bully လုပ်တာနဲ့ပတ်သတ်လို့ စိုးရိမ်မှုတွေရှိနေကြပြီး ထိန်းချုပ်နိုင်ခြင်းရှိဖို့အတွက်လည်း ပြောဆိုနေကြာတာတွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးလည်း ဟိန်းမင်းသူတစ်ယောက် မြန်မြန်ကျန်းမာလာဖို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်....

Source : Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။