အယူခံဝင်ပေမယ့်လည်း နောက်ဆုံးတော့ သေဒဏ်ပဲချခံထိပြန်တဲ့ လိပ်ကျွန်းလူသတ်မှုမှ မြန်မာ ၂ဦး

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အယူခံတရားရုံးကလည်း သေဒဏ်ဟု ယနေ့ (မတ်လ ၁ ရက်)

တွင် စီရင်ချက် ချလိုက်ကြောင်း အဆိုပါအမှုတွင် မြန်မာနှစ်ဦးအတွက် လိုက်ပါ ဆောင်ရွက်နေပေးနေသည့် ဦးစိန်ဌေးက ပြောကြားသည်။

ကော့စမွေတရားရုံးတွင် တရားလိုဖြစ်သည့် ခရိုင်ဥပဒေအရာရှိကို အယူခံတရားရုံး တရားသူကြီးများက ခေါ်ယူပြီး အယူခံတရားရုံး၏ စီရင်ချက်ကို

ဖတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။

“အယူခံ တရားရုံးဟာ စာရွက်စာတမ်းတွေ အကုန်မဖတ်ဘဲ အချိန်တိုအတွင်းမှာ စီရင်ချက် မြန်မြန် ချလိုက်တယ်။ ပြီးတော့ စီရင်ချက်ချတဲ့ အခါမှာလည်း တရားခံရဲ့ ရှေ့နေတွေကို လုံးဝ အသိမပေးပဲ လုပ်သွားတယ်။ ထိုင်းသတင်းမှာပါလာမှ ရှေ့နေတွေက သိရတာပါ”ဟု ဦးစိန်ဌေးက ပြောဆိုသည်။

အဆိုအမှုအတွက် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သည့် တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရန် မြန်မာနှစ်ဦး၏ ရှေ့နေများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောဆိုသည်။

“တကယ်တော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံသာမက ကမ္ဘာကပါ စိတ်ဝင်စားနေတဲ့ ဒီအမှုကို ပြီးစလွယ် လုပ်တာလို့ပဲ ဆိုချင်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူကို လုံးဝ ထည့်မတွက်ဘဲ လုပ်ချလိုက်သလိုပဲ ခံစားရတယ်”ဟု အယူခံ တရားရုံးက စီရင်ချက် ချမှတ်မှုအပေါ် ဦးစိန်ဌေးက မှတ်ချက်ပေးသည်။

လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦးကို ကော့စမွေရှိ အောက်ခြေအဆင့် တရားရုံးက ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် ချမှတ်ခဲ့သည်။

Source: Local Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။