ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဘိုလီးဗီးယားလက်ရွေးစင်ဘောလုံးအသင်းသားတွေဟာ အောက်တိုဘာ ၁၂ ရက်နေ့က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။မြန်မာအသင်းနဲ့မယှဉ်ပြိုင်မီ အခုလိုမြန်မာနိုင်ငံရဲ့အထင်ရှားဆုံးရွှေတိဂုံဘုရားကြီးကို ဖူးမျှော်ခဲ့တာပဲဖြစ်ပါတယ်။

မြန်မာအသင်းရဲ့တိုက်စစ်မှူးအောင်သူကတော့ ပါဝင်မသေချာသေးဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မြန်မာအနေနဲ့ဘိုလီဗီးယားအသင်ခြေစမ်းကစားပြီး အတွေ့အကြုံကောင်းတွေရှလိမ့်မယ်လို့ ပရိသတ်တွေမျှော်လင့်နေပါတယ်။

ဘိုလီးဗီးယားအသင်းဟာ မြန်မာ့လက်ရွေးစင် အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ ရန်ကုန် ရောက်ရှိနေတာဖြစ်ပြီး  ဒီနေ့ည ၆ နာရီ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားမှာလည်း ဖြစ်ပါတယ်။

source: mff 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။