ပြည်တွင်းမကြာခဏ ကြားသိနေရတဲ့သေကြောင်းကြံစည်မှုတွေထဲမှာ ဆွဲကြိုးချသေဆုံးမှုကတော့ အမြဲ ထိပ်ဆုံးကကြားနေရတဲ့ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ မိသားစု အဆင်မပြေခြင်း၊ ပတ်ဝန်းကျင်နှိပ်စက်ခြင်း၊ စီးပွားရေး၊ အချစ်ရေးစတဲ့ကိစ္စတွေကြောင့် အဆိုပါ သေကြောင်းကြံစည်မှုကို ပိုမိုလုပ်ဆောင်ကြတာတွေ့ရပါတယ်။

မကြာသေးမီကလည်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ပုလဲမြို့သစ်(၂)ဇလပ်လမ်းတွင်လည်းအမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ရက်နေ့ ည၉နာရီ အချိန်ခန့်တွင် အသက်၃၅နှစ်အရွယ်ရှိ ဂျပန်ကြီးအမည်ရှိသူတစ်ဦး နေအိမ်တွင်ကြိုးဆွဲချသေဆုံးမှု့ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါသေဆုံးမှုကို သေဆုံးသူရဲ့ မိသာစုမှပုလဲအရန်မီးသတ်တပ်ဖွဲ့သို့အကူအညီတောင်းခံခဲ့ရာနယ်မြေခံရဲစခန်းအား အကြောင်းကြားခဲ့ပြီးသွားရောက်ကူညီဆောင်ခဲ့ကြကြောင်း သိရပါတယ်။ သေဆုံးသူမှာ ပြင်ပဒဏ်ရာမရှိကြောင်း ထောက်ကြံ့မြို့မရဲစခန်စခန်းမှစခန်းမှူးခေါင်းဆောင်သောအဖွဲ့မှလာရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူအားပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှမေဓါဝီဆေးရုံသို့သေဆုံးသူအလောင်းအားအပ်နှံကူညီပေးခဲ့ကြောင်း သိရပါတယ်။

Source . ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။