ဒီကနေ့ အောက်တိုဘာ ၁၃ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆိုးဝါးတဲ့မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါမီးလောင်မှုကတော့ ဒီကနေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်တွင် ၁၉လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ယောက် သေဆုံးခဲ့ကြောင်းသိရပါတယ်။ 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ကလေး ၃ယောက်နဲ့အဖိုးနဲ့ ကျန်ခဲ့တာပါ အမေက ဆေးရုံသွားပြနေတာ အကြီးလေးက ဂိမ်းသွားဆော့နေလို့ လွတ်သွားပါတယ်။

အဘိုးက ဗိုက်ဆာလို့ အောက်ဆင်းပြီး ဆီချက်စားနေချိန် မီးလောင်လို့ဆိုပြီး အပေါ်ကိုကလေးသွားခေါ်တာ အငယ်ဆုံးလေးပဲ ကယ်လာနိုင်ခဲ့ပါတယ် အလတ်လေးတစ်ယောက်ပဲကျန်ခဲ့ပြီး ကလေးကတော့ဆုံးသွားပါပြီ။ မီးလောင်နေတဲ့ချိန်ကလေးမိဘတွေအဆက်အသွယ်မရခဲ့ဘူး မီးငြိမ်းပြီးကလေးခေါ်သွားတဲ့ထိကို မိဘတွေမရောက်ကြသေးပါဘူး။

အဖိုးခမျာ ကြောင်တောင်တောင်ဖြစ်သွားရှာတယ်။ သူမကယ်လာနိုင်လို့ဆိုပြီး ခေါင်းမှာလည်းဆံပင်တွေမီးကျွမ်းနေတယ် ဂုတ်များလည်း မီးဟပ်ထားတာ နီရဲပြီး အရေဖုလေးတောင်ဖြစ်နေတယ်။ ကလေးတွေကိုတော့ လမ်းထဲကဈေးသည်တွေက ခေါ်ထားပေးပါတယ်။" လို့ မျက်မြင်သက်သေတစ်ဦးကပြောပြခဲ့ပါတယ်။ ကြောက်စရာဖြစ်ရပ်ကြီး ဖြစ်သွားခဲ့တဲ့ ဒီကနေ့မီးလောင်မှုပုံရိပ်တွေကို ချစ်ပဏိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos. Nyein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။