ခွေးလှေးယားသီး အမျိုးအစား နှစ်မျိုးရှိပါတယ်။ ခွေးလှေးယားသီးအရိုင်းရဲ့ အမွှေးက ယားပြီး အယဉ်ပင်က ဆေးဘက်ဝင်ပါတယ်။ ခွေးလှေးယားသီး အယဉ်က ပဲမျိုးနွယ်ပင်ဖြစ်၍ စားသုံးပါက အန္တရယ် မရှိပါ။ ကျန်းမာရေးအတွက် အကျိုးပြုသော ခွေးလှေးယားသီး အယဉ်သီး (အနက်စေ့) က ဆေးဘက်ဝင် အပင်မျိုး ဖြစ်ပါတယ်။ ခွေးလှေးယားသီး (အနက်စေ့) ကိုစားလျှင် လေဖြတ်၊ သွေးတိုး၊ ဆီးချို စတဲ့ အထွေထွေရောဂါများ ပျောက်နိုင်တဲ့ အပြင် ခွေးလှေးယားသီး အမြစ်ကလည်း ဆေးဖက်ဝင်ပြီး ရောဂါပျောက်ကင်းစေပါတယ်။

ဒါ့အပြင် ခွေးလှေးယားသီး (အနက်စေ့) ကို စားသုံးခြင်းဖြင့် လေဖြတ်မှုကို ကာကွယ်ပေးပါတယ်။ လေဖြတ်နေလျှင်လည်း သက်သာ ပျောက်ကင်းစေပါတယ်။ သွေးတိုး၊ ဆီးချို ကျစေပြီး အနာများအတွက် အသားနုတက်တာ မြန်စေပါတယ်။ အဆစ်အမြစ်နာတာ သက်သာစေပြီး အာရုံကြောများ အားကောင်းစေပါတယ်။

ခွေးလှေးယားသီး (အနက်စေ့) ကို ပုံမှန် စားသုံးပေးခြင်းဖြင့် ကိုယ်ငွေ့အားကောင်းပြီး အအေးဒဏ် ခံနိုင်ပါတယ်။ အိပ်ပျော်စားဝင်ပြီး ဆီးကို ရွှင်စေပါတယ်။ အိပ်ရာထလျှင် ခေါင်းကြည်စေပြီး အညောင်းအညာများ ပြေစေပါတယ်။ အစာအိမ်ရောဂါရှိသူများလည်း သက်သာပျောက်ကင်းစေပါတယ်။

ခွေးလှေးယားသီး (အနက်စေ့) ကို အမှုန့်ပြုလုပ်ပြီး ပျားရည်၊ ထောပတ်နှင့်ရော၍ စားသုံးပါက ပန်းနာရင်ကြပ် ပျောက်ကင်းစေပါတယ်။ ခွေးလှေးယားသီး (အနက်စေ့) ရဲ့ အပင် အမြစ်မှာလည်း ရေဖျဉ်း၊ လေရောဂါ၊ ဆင်ခြေထောက်၊ ငန်းဖျား၊ သွေးဝမ်း၊ လက်မောင်းသိမ်ခြင်းနှင့် မိခင် နို့ရည်မထွက်ခြင်း စသည်တို့ကို လွန်စွာ အထောက်အပံ့ပေးပါတယ်။

ယနေ့ခေတ်မှာ ခွေးလှေးယားသီး (အနက်စေ့) ကို ကျန်းမာရေးအထောက်အကူ အဖြစ် စားသုံး ရောင်းချနေကြပြီ ဖြစ်ပါတယ်။ မြန်မာဆေးဆိုင်တိုင်း နီးပါးမှာ ခွေးလှေးယားသီး အနက်စေ့ကို ဝယ်ကူ ရရှိနိုင်ပါတယ်။ ဒ့ါကြောင့် ခွေးလှေးယားသီး (အနက်စေ့) က ကျန်းမာရေးအတွက်ပါမက စီးပွားရေး အတွက်ပါ အထောက်အကူပြုနေပြီပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - မင်းမင်း (မြစ်ကြီးနား) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။