အာစီယံဆူဇူကီးဖလားပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့မြန်မာအသင်းဟာအောင်မြင်မှုရရှိဖို့အတွက်ခြေစမ်းပွဲတွေကစားပြီးပြင်ဆင်နေတာဖြစ်ပါတယ်။အာစီယံထိပ်သီးအင်ဒိုနီးရှား၊မြောက်အမေရိကထိပ်သီးအသင်းကြီးဖြစ်တဲ့ဘိုလီဗီးယားလိုအသင်းတွေနဲ့ခြေစမ်းပွဲတွေကစားထားတာဖြစ်ပါတယ်။

ဒီခြေစမ်းပွဲတွေမှာနှစ်ပွဲလုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့်ပရိတ်သတ်တွေစိတ်မျက်ခဲ့ရပါတယ်။ဘိုလီဗီးယားအသင်းကိုခြေရည်တူနီးပါးကစားနိုင်ခဲ့ပြီးအရပ်မောင်းကွာဟမှုတွေကြောင့်အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။အဓိကကစားသမားတွေဖြစ်တဲ့အောင်သူတို့မပါဝင်နိုင်ခဲ့ပေမယ့်အကောင်းဆုံးခြေစမ်းတွေပြသခဲ့တာဖြစ်ပါတယ်။

ဘိုလီဗီးယားအသင်းနဲ့ခြေစမ်းပွဲအပြီးမှာမြန်မာအသင်းဟာဘာရိန်းနဲ့ကာတာနိုင်ငံတွေမှာသွားရောက်လေ့ကျင့်ပြီးခြေစမ်းပွဲတွေကစားမှာလည်းဖြစ်ပါတယ်။ဘာရိန်းလက်ရွေးစင်အသင်းနဲ့ခြေစမ်းမှာဖြစ်တာကြောင့်မြန်မာအသင်းဟာပိုကောင်းမွန်တဲ့အတွေ့အကြုံတွေရမှာဖြစ်ပါတယ်။ပြင်ဆင်မှုတွေအကောင်းဆုံးလုပ်ထားတဲ့မြန်မာအသင်းဒီနှစ်ဆူဇူကီးဖလားပြိုင်ပွဲမှာအားလုံးမျှော်လင့်ထားတဲ့ချန်ပီယံအသစ်ဖြစ်လာနိုင်မလားဆိုတာကတော့စောင့်မျှော်အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။