အနားယူမှုနဲ့ အိပ်စက်ခြင်းက လူတိုင်းအတွက် အရေးပါလွန်းလှပါတယ်။ အထူးသဖြင့် အိပ်စက်ခြင်းက ကျန်းမာရေး ကောင်းမွန်ဖို့ကို အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကော်ဖီ၊ အားဖြည့်အချိုရည်များ၊ နှိုးစက်နာရီ၊ ပြင်ပ အလင်းရောင်များ၊ လျှပ်စစ်မီး အလင်းရောင်များက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို ပုံမှန် ပြုလုပ်သင့်ပါတယ်။ အိပ်ခန်းရှိ အခန်းအပူချိန်၊ အလင်းရောင်၊ အသံ တို့ကို ကောင်းမွန်စွာ ထားပါ။ ဒါ့အပြင် အသက်အရွယ်အလိုက် အသင့်တော်ဆုံး အိပ်ချိန်ကို ဗဟုသုတ ရရှိစေရန်နှင့် လိုက်နာနိုင်ကြစေရန် ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

မွေးကင်းစမှ ၃လ အထိ -တစ်နေ့ကို အိပ်ချိန် ၁၄ နာရီမှ ၁၇ နာရီ လိုအပ်ပါတယ်။

၄လ မှ ၁၁လ အထိ - တစ်နေ့ကို အိပ်ချိန် ၁၁ နာရီမှ ၁၄ နာရီ လိုအပ်ပါတယ်။

၁ နှစ်မှ ၂ နှစ် အထိ -တစ်နေ့ကို အိပ်ချိန် ၁၁ နာရီမှ ၁၄ နာရီ လိုအပ်ပါတယ်။

၃ နှစ်မှ ၅ နှစ် အထိ - တစ်နေ့ကို အိပ်ချိန် ၁၀ နာရီမှ ၁၅ နာရီ လိုအပ်ပါတယ်။

၆ နှစ်မှ ၁၃ နှစ် အထိ -တစ်နေ့ကို အိပ်ချိန် ၉ နာရီမှ ၁၁ နာရီ လိုအပ်ပါတယ်။

၁၄ နှစ်မှ ၁၇ နှစ် အထိ - တစ်နေ့ကို အိပ်ချိန် ၈ နာရီမှ ၁၀ နာရီ လိုအပ်ပါတယ်။

၁၈ နှစ်မှ ၆၄ နှစ် အထိ -တစ်နေ့ကို အိပ်ချိန် ၇ နာရီမှ ၉ နာရီ လိုအပ်ပါတယ်။

၆၄ နှစ်နှင့် အထက် - တစ်နေ့ကို အိပ်ချိန် ၇ နာရီမှ ၈ နာရီ လိုအပ်ပါတယ်။

ဖော်ပြပါ အိပ်ချိန်များတက် နည်းလွန်း၊ များလွန်းလျှင် ကျန်းမာရေး ပြသနာများ ဖြစ်ပေါ်နိုင်ပါတယ်။ အိပ်ချိန် အရမ်းနည်းလျှင် ပင်ပန်းလွယ်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ ကောင်းမွန်စွာ မတွေးတောနိုင်ခြင်း၊ အစာ မစားချင် ဖြစ်ခြင်း.. စတာတွေ ဖြစ်ပေါ် ခံစားရနိင်ပါတယ်။ ထို့ပြင် ၅ နာရီအောက်သာ အိပ်ချိန်ရှိသော သူများသည်လည်း နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး ၇ နာရီအောက် အိပ်သော သူများသည်လည်း အဝလွန်ခြင်းနှင့် ဆီးချို ရောဂါ ဖြစ်နိုင်မှုကို အားပေးရာ ရောက်ပါတယ်။ ဖော်ပြပါထက် အိပ်ချိန်ပိုသော သူများသည်လျှင် ဉာဏ်ထိုင်းခြင်း၊ သွက်သွက်လက်လက် မရှိခြင်း၊ စိတ်မပျော်မရွှင်ဖြစ်ခြင်း၊ စိတ်ဖိစီးမှု များခြင်း …. စတာတွေ ခံစားရနိုင်ပါတယ်။

ဒါ့ကြောင့် လူတိုင်း အိပ်ချိန် မှန်ပြီး ကျန်းမာ၊ ချမ်းသာစွာဖြင့် ဘဝကို အောင်မြင်စွာ ဖြတ်သန်းနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Best sleep time (Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။