အခုဆိုရင် ရာသီဥတုက ပူပြင်းလာတာနဲ့အမျှ လူအများစုက အပူဒဏ်က သက်သာနိုင်အောင် အအေးခန်းထဲတွင် နေခြင်း၊ စားသောက်တဲ့ အခါမှာလည်း အပူအစပ်များကို တတ်နိုင်သလောက် ရှောင်ကြဉ်ပြီး အအေးသောက်ခြင်း၊ ရေခဲရေသောက်ခြင်း စတာတွေကို ပြုလုပ်လေ့ ရှိကြပါတယ်။ ဒါက ပုံမှန်အတိုင်းပဲ ဆိုပေမယ့် တစ်ချို့တွေကတော့ ရာသီဥတု ပူနေတဲ့ အခါတွင်သာ မဟုတ်ဘဲ သာမာန်အချိန်မျိုးမှာလည်း ရေခဲရေ သောက်ခြင်း၊ ရေခဲ စားသုံးခြင်းတို့ ပြုလုပ်ကြပါတယ်။ ဒီလိုမျိုး လိုတာထက် ပိုပြီး ရေခဲ စားသုံးနေပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘယ်လို ဆိုးကျိုးတွေ ရရှိနိုင်မလဲ ဆိုတာကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ရေခဲစားခြင်းကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုးများ

(၁) သွားတွေကို ပျက်စီးစေတယ်

(၂) အာဟာရ ဆုံးရှုံးမှု ဖြစ်စေတယ်

(၃) မအီမသာဖြစ်ခြင်းကို ခံစားရစေပါတယ်

(၄) လူမှုဆက်ဆံရေးကို ထိခိုက်စေတယ် (ရေခဲကို ဝါးစားနေတဲ့ ကိုယ့်ရဲ့ အသံကြောင့် ပတ်ဝန်းကျင်အတွက် အနည်းနဲ့ အများ အနှောင့်အယှက် ဖြစ်စေပါတယ်။)

(၅) ရေခဲကို ၁လကျော်လောက် ဆက်တိုက် စားချင်တယ်၊ စားနေတယ် ဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး ရေခဲကို သာမာန်ထက်ပိုပြီး စားသုံးနေခြင်းက အာဟာရ မပြည့်ဝခြင်း၊ မလုံလောက်ခြင်း စတာတွေကို ခံစားနေရလို့ပဲ ဖြစ်ပါတယ်။ သံဓါတ်အားနည်းတာကြောင့်လည်း ရေခဲကို ပိုစားချင်စိတ် ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ရေခဲစားချင်စိတ် ဖြစ်ပေါ်ပြီး ကိုယ်ဝန်ကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့သူတွေကတော့ ကိုယ်အလေးချိန်ချချင်တဲ့အခါ အခြားသော မုန့်များကို စားနေမယ့် အစား ရေခဲကို ကိုက်စားခြင်းဖြင့် ကိုယ်အလေးချိန် ချနိုင်တယ်လို့ ပြောဆိုလေ့ ရှိကြပါတယ်။ ဒီအချက်က ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ရပေမယ့် အခြားသော ကျန်းမာရေး ဆိုးကျိုးများ ရှိနေတာကြောင့် ဒီအချက်ကို မလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် ဖော်ပြပါ ကျန်းမာရေး ဆိုးကျိုးများကိုလည်း ဖြစ်စေနိုင်ပါတယ်။

သတင်းအရင်းအမြစ် - side effects of having ice a lot (YouTube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။