ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ၌ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲက ဆေးခြောက် ကီလိုဂရမ် ၄ဝ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် စစ်တွေ မြို့နယ် ဒါးပိုင်ကျေးရွာနေ မာမောက်တာလီ၏သား အာမောက်တူဆောင်း(၃ဝ)နှစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော ဆေးခြောက်အထုပ်သေး ၂၇ ထုပ်နှင့် အထုပ်ကြီး ခုနစ်ထုပ် စုစုပေါင်းအလေးချိန် ၄ဝ ဒသမ ၁၇ဝ၁၄ ကီလိုဂရမ် ကာလတန်ဖိုးငွေကျပ် ၄ဝ၁၇ဝ၁၄ဝ ခန့်အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှာ တစ်ရွာတည်းနေ အာမီဟူဆောင်းက ၄င်း၏ ဖခင် ဆွေယော့ က ဆေးခြောက် ဆာလာအိတ်ထုပ် တစ်ထုပ် အား ခေတ္တသိမ်း ဆည်းထား ရန် ပြောကြားသဖြင့် လည်းကောင်း၊ တစ်ရွာတည်းနေ အဒူရာမန်ထံမှ ဆာလာ အိတ်ထုပ်တစ်ထုပ်အား လည်းကောင်း နေအိမ်သို့ လာရောက် ပို့ဆောင်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ အာမောက်တူဆောင်းအား စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိပြီး ကွင်းဆက် တရားခံ များ ဖြစ်သော အာမီဟူဆောင်း၊ ဆွေယော့နှင့် အဒူရာမာန်တို့ အား ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။