နီပေါ်နိုင်ငံရဲ့ ဟိမဝန္တာတောင်တန်းမှာတော့ အောက်တိုဘာလ ၁၃ ရက်နေ့က မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပါတယ်။

၎င်းမုန်တိုင်းကြောင့် ပေါ်တက်ရောက်နေတဲ့ ကိုရီးယားတောင်တက်သမား ၅ ဦးနဲ့ နီပေါ လမ်းမပြ ၄ ဦးတို့သေဆုံးခဲ့ပါတယ်။  

သေဆုံးခဲ့သူတွေထဲမှာတော့ ၂၀၁၃ ခုနှစ်တုန်းက ကမ္ဘာ့အမြင့်ဆုံး တောင်ထပ် ၁၄ ခုကို အောက်ဆီဂျင်အကူအညီမပါဘဲ အမြန်ဆုံးတက်ရောက်ပြီး စံချိန်သစ်တင်ခဲ့တဲ့ တောင်တက်အဖွဲ့ခေါင်းဆောင် ကင်မ်ချန်ဟိုလည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။ 

သေဆုံးခဲ့တဲ့တောင်တက်သမားတွေဟာ မုန်တိုင်းတိုက်ချိန်မှာ မီတာ ၃၅၀၀ အမြင့်မှာရှိတဲ့ အခြေစိုက်စခန်းတစ်ခုမှာ ရှိနေခဲ့ရာမှ မုန်တိုင်းဒဏ်ကိုခံခဲ့ရတာပဲဖြစ်ပါတယ်။

၎င်းသေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့က ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။  

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။