ထောင်ဆိုတာ နိုင်ငံတကာမှာ မရှိမဖြစ်ထားရှိရတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေ ခိုအောင်း ရာ ထိန်းသိမ်းရာ နေရာဖြစ်ပါတယ်။ အကျဉ်းထောင်တိုင်း တစ်ခုနဲ့တစ်ခု တူညီမှုမရှိဘဲ၊ အကျဉ်းသားတွေရဲ့ အပြုအမူ၊ စရိုက်၊ ဥပဒေအားဖြင့် ကျူးလွန်သည့် ပြစ်မှု ပြင်းထန်ခြင်း  /မ ပြင်း ထန်ခြင်းပေါ် မူတည်ပြီး ထောင်တွေကို အတန်အစား ခွဲထားပါတယ်။

ဥပမာ ဒီမိုကရေစီအုပ်ချုပ်ရေး မဟုတ်တဲ့ နိုင်ငံတွေမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြစ်မှုအားဖြင့် အမြင့်ဆုံးထောင်ဒဏ်ကျခံနေရသူတွေ ဖြစ်တက်ပါတယ်။ ဒီလိုနိုင်ငံရေးသမား တွေ ကိုတော့ နိုင်ငံရဲ့ အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး အကျဉ်းထောင်တွေမှာ ထိန်းသိမ်း ထားတတ် ပါတယ်။ အခု ဖော်ပြမှာတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး အကျဉ်း ထောင်တွေ ဖြစ်ပါတယ်။

(၁) မဟူရာလင်းပိုင်အကျဉ်းထောင်၊ ရုရှ

ရုရှနိုင်ငံ မဟူရာလင်းပိုင် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းရေးအဆောက်ဦ 700 ကျော် ရှိပြီး၊ လူသားစားရာဇဝတ်သားများ၊ ကလေးသူငယ်ကို အဓမ္မကျင့်သူများ စသည်တို့ကို လူသတ်ရာဇာရာဇဝတ်သား 3500 ကျော်နဲ့အတူ ထိန်းသိမ်းအုပ်ချုပ်ထားပါတယ်။ လူသတ် ရာဇာတွေဟာ အနည်းဆုံး လူ 5 ဦးအထိ သတ်ခဲ့ကြသူများ ဖြစ်ပြီး ဒီလို ရာဇဝတ်သားတွေကို ငြိမ်သက်အောင် ထိန်းသိမ်းဖို့အတွက် အကျဉ်းထောင်စောင့် စစ်တပ်ကလည်း တကယ့် လက်သံအပြောင်ဆုံး လက်ရွေးစင်တွေကိုသာ ရွေးချယ်ခန့်ထားပါတယ်။

အကျဉ်းသားတွေဟာ နှစ်မစေ့ဘဲ လွတ်လမ်းမရှိပါဘူး။ သူတို့ကို စွတ်ပြုတ်နဲ့ ပေါင်မုန့် ကျွေးပြီး၊ နေ့စဉ် အလုပ်ကြမ်း 14 နာရီ ခိုင်းစေပါတယ်။ လွတ်လမ်းကလည်း တစ်နည်းပါဘဲ။ ထွက်ပြေးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အသက်ရှင်ရက် ထွက်ပြေးနိုင်သူကတော့ ဘယ်သူမှ မရှိပါဘူး။

(၂) ဘန်ကာဝမ်အကျဉ်းထောင်၊ ထိုင်း

ထိုင်းနိုင်ငံမှာ သေဒဏ်ကျရာဇဝတ်သားတွေကို ဆေးထိုးစီရင်နေတဲ့ ဘန်ကာဝမ် အကျဉ်း ထောင်ကတော့ သမိုင်းနဲ့ချီပြီး ကြောက်စရာ ကောင်းပါတယ်။ 2003 ခုနှစ်မတိုင်ခင်တုန်းက သေဒဏ်ကျ အကျဉ်းသားတွေကို သေနက်နဲ့ ပစ်ခတ် စီရင်ကြပြီး၊ နောက်ပိုင်းမှာ ဆေးထိုး သတ်တဲ့နည်းကို အသုံးပြုခဲ့ပါတယ်။ အဲဒီအကျဉ်းထောင်မှာ တကယ့် နာမည်ကျော် အကျဉ်း သား 4000 ကျော် ထိန်းသိမ်းထားပြီး၊ အကျဉ်းကျခံရတဲ့ ပထမဆုံး သုံးလမှာ သံခြေကျဉ်း ခတ်ခံရပါတယ်။

ဘန်ကာဝမ်းထောင်မှာ တစ်နေ့မှာ ဆန်ပြုတ် တစ်ပန်းကန်ပဲ ကျွေးတဲ့ အကျဉ်းထောင် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ သေဒဏ်ကျ ရာဇဝတ်သားတွေကို သေနတ်နဲ့ ပစ်သတ်စီရင်ခဲ့တဲ့ နောက်ဆုံး ပါးကွက်သားအရာရှိကတော့ Chavoret Jaruboon ဖြစ်ပြီး၊ သူဟာ အခုဆို ဗိုလ်မှူးကြီးရာထူးကို ရရှိထားသူဖြစ်ပါတယ်။ သူဟာ သေဒဏ်ကျအကျဉ်းသား 55 ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ပါးကွက်သားဖြစ်ပါတယ်။

(၃) PAMF အကျဉ်းထောင်၊ အမေရိကန်

အမေရိကန်မှာ တည်ရှိတဲ့ US PAM (United States Penitentiary, Administrative Maximum Facility) အကျဉ်းထောင်ကို ထောင်အရာရှိတွေ၊ ထောင်သားတွေက ကြမ်းတမ်း လွန်းလို့ Alcatraz of the Rockies အကျဉ်းထောင်လို့ ခေါ်ကြပါတယ်။ အကျဉ်းထောင်ဆူပူ မှု ဘယ်လောက်ပဲ ဖြစ်ဖြစ်၊ အပြင်ဘက်ကို လူအရှင်တိုင်း ထွက်ခွင့် မရှိတဲ့ လုံခြုံရေးအထူး အဆင့်မြင့်ထားတဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။

အကျဉ်းသားအားလုံးကလည်း အခြားအကျဉ်းထောင်တွေမှ ထောင်အရာရှိနဲ့ အကျဉ်းသား အချင်းချင်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြသူတွေဖြစ်ပြီး၊ 7 ပေ 12 ပေ အကျယ်ရှိတဲ့ အခန်း တွေထဲမှာ 23 နာရီတိတိ ချုပ်နှောင်ခံရပါတယ်။ တစ်နေ့ကို ခြေညောင်းလက်ဆန့် တစ်နာရီ ခွင့်ပေးပြီး၊ အခန်းထဲမှာ စာဖတ်လို့ ရခြင်းနဲ့၊ အစားအစာ ကော်ဖီ စသည်တို့ကို တော့ ကောင်းကောင်း ဝန်ဆောင်မှု ပေးပါတယ်။

(၄) ဟိုးရယန်းအကျဉ်းထောင်၊ မြောက်ကိုရီယား

အပြည်ပြည်ဆိုင်ရာက ဝေဖန်လို့ ဟိုးရယန်းအကျဉ်းစခန်းကို ပိတ်သိမ်းပြီးပြီလို့ မြောက် ကိုရီးယား အစိုးရက ကြေငြာခဲ့ပေမယ့် ဂြိုဟ်တုဓာတ်ပုံတွေကတော့ မြောက်အစိုးရရဲ့ ကြေငြာ ချက်က မှားတယ်လို့ ဆိုပါတယ်။ ဟိုးရယန်းအကျဉ်းထောင်ကို Kwalliso No 22 လို့ ဒေသခံတွေက ခေါ်ဆိုကြပြီး၊ ပြစ်မှုကြီးအကျဉ်းသားနဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း 5 သောင်းကျော် ထိန်းသိမ်းထားပါတယ်။

တကယ်တော့ ပြစ်မှုကျူးလွန်သူက အကျဉ်းသား 5 သောင်းရဲ့ 5 ပုံပုံ တစ်ပုံသာ ရှိပြီး၊ ကျန်တာတွေက အကျဉ်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေပါ။ မြောက်ကိုရီယားထုံးစံအတိုင်း နိုင်ငံရေးုပြစ်မှုကျူးလွန်သူတွေကို ဆွေစဉ်မျိုးဆက် ဖမ်းဆီးထိန်းသိမ်းလေ့ရှိပါတယ်။ လွတ်ရက် လုံး၀ မရှိဘဲ၊ အနည်းဆုံး ထောင်ဒဏ် နှစ် 20 ကျခံရတဲ့ အကျဉ်းသားတို့ စုဝေးရာပါ။ တစ်ရက်ကို အိပ်ချိန် 4 နာရီသာ ရှိပြီး၊ အလုပ်လုပ်ချိန် 18 နာရီ၊ နားချိန် 2 နာရီ ( မိနစ် 30 ဆီသီးခြားနားချိန် 4 ချိန်) ဖြစ်ပါတယ်။

(၅) လာမိုဒီလိုအကျဉ်းထောင်၊ ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံ၊ လာမိုဒီလို အကျဉ်းထောင်မှာတော့ 2000 ခုနှစ် ဧပြီ 27 ရက်က ထောင်ဆူမှု ဖြစ်ပွားခဲ့ပါတယ်။ အကျဉ်းထောင်အရာရှိတွေက အကျဉ်းသားတွေကို လက်ပစ်ဗုံး၊ စက်သေနတ်၊ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ပြီး၊ လူပေါင်း ရာချီသေးဆုံးခဲ့ပြီး၊ အကျဉ်းထောင်ကြမ်းပြင်တစ်ခုလုံး သွေးချောင်းဆီးခဲ့ပါတယ်။

ကမ္ဘောဒီးယား အာဏာပိုင်တွေကတော့ အကျဉ်းသား 25 ယောက်သာ သေဆုံးတယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒီထက် ပိုတယ်လို့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေက ဆိုပါတယ်။ အခုအချိန်မှာ အကျဉ်းသားပေါင်း သောင်းချီ ရှိနေသေးပြီး၊ အကျဉ်းထောင် ရေဆိုးမြောင်းတွေထဲမှာ အဓိကရုဏ်းတုန်းက နှိမ်နင်းထားတဲ့ အရိုးစုတွေကို မကြာခဏ တွေ့ရတယ်လို့ ဆိုပါတယ်။

Source :  reckontalk.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။