"ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း " ဆိုတဲ့ စိုင်းစိုင်းရဲ့ Showပွဲလေးကို အောက်တိုဘာလ(၁၄)ရက်နေ့၊တနင်္ဂနွေနေ့ ည (7)ခွဲအချိန်၊ အမျိုးသားပြဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ပရိသတ်လူဦးရေ (၁၅၀၀) ခန့်သာ သတ်မှတ်ခဲ့ပြီး လက်မှတ်စရောင်းတဲ့ (၁)ရက်အတွင်း မှာ တချို့ပရိသတ်များက မနက် ၆ နာရီထပြီး ခက်ခက်ခဲခဲတန်းစီ လက်မှတ်ဝယ်ယူခဲ့ကြလို့ လက်မှတ်တွေ အကုန်Sold outဖြစ်ခဲ့ရထိ ကို အားပေးခဲ့တာကြောင့် တချို့ ပရိသတ်တွေကတော့ လက်မှတ်မရလို့ မကြည့်ခဲ့ရပါဘူး။

စိုင်းစိုင်း အနေနဲ့ ပွဲတက်ရောက်မယ့်ပရိသတ်များကို ဖုန်းနဲ့ပဲဖြစ်ဖြစ် Camera နဲ့ပဲဖြစ်ဖြစ် video ရိုက်ကူးထားခြင်း မပြုလုပ်ဖို့ အထူး မေတ္တာရပ်ခံထားပြီး မကြည့်လိုက်ရတဲ့ ပရိသတ်တွေ အတွက်လည်း အထူးစီစဉ်ပြီး ( On Line , YouTube အပါအဝင် ) ဒီပွဲကနေ အခွေထုတ်မှာဖြစ်တာကြောင့် လာရောက် ရိုက်ကူးခွင့်မပြုနိုင်ကြောင်း ကြိုတင်တောင်းပန်ထားတာဖြစ်ပါတယ်။ ပွကြို လက်မှတ်ရပြီး အထူးလာကြည့်ခွင့်ရခဲ့တဲ့ ပရိသတ်တွေ အတွက်ကိုလည်း အထူးမေတ္တာလက်ဆောင် အနေနဲ့ စိုင်းစိုင်းပုံနဲ့ ပြုလုပ်ထားတဲ့ ဖက်ခေါင်းအုံးလေးတွေ တစ်ယောက်ချင်းစီ အတွက် ခုံလေးတွေ မှာ လက်ဆောင်ပေးခဲ့ပါသေးတယ်။

မကြာခင်မှာလည်း Professional Camera ဆရာတွေနဲ့ သေချာရိုက်ကူးပြီး တနိုင်ငံလုံးက ပရိသတ်တွေအတွက် သေချာရိုက်ကူး ထုတ်လွှင့်ဖြန့်ချိပေးနိုင်ဖို့ပြင်ဆင်နေသလို "ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း " ဆိုတဲ့ စိုင်းစိုင် ရဲ့ ပွဲလေးကို တက်ရောက်ခဲ့တဲ့ ပရိသတ်တွေ အနေနဲ့ လည်း ရှိုါ်လည်း ကြည့်ရင်း အမှတ်တရ တွေ တပွေ့ တပိုက်နဲ့ ပျော်ရွှင်ခဲ့ကြမယ် ထင်ပါတယ်နော်။ ရှိူးမှတော့ စိုင်းစိုင်းရဲ့သူငယ်ချင်းတွေ ဖြစ်ကြတဲ့ မမို့မို့ ၊ ဂျွန် ၊ ကြိုးကြာ ၊ မသီရိဂျေ ၊ သီရိဆွေ ၊ ငယ်ငယ် ၊ ကောင်းမြတ် ၊ ဖြိုးကြီး ၊ နန္ဒစိုင်း ၊ မိုးမိုး ၊ ကိုသအို ၊ ဘန်နီ ၊ ဖြိုးလေး ၊ နေဝင်း ၊ G Fatt ၊ ကိုမျိုးကျော့မြိုင် ၊ မောင်မောင်ပြည့်စုံ တို့ နဲ့ အတူ ဆရာ ဓီရာမိုရ် နှင့် ဂီတကဗျာအဖွဲ့ တို့ပါ ပါဝင်အားဖြည့်ထားပြီး အရမ်းကို အောင်မြင်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

Source: Sai sai khem leng;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။