1.3.2017 ည (11:30) PM အချိန်ခန့် မော်လမြိုင်မြို့ ရွှေတောင်ရပ် အထက်လမ်းမကြီးနှင့် မာလာဝင်း လမ်းဆုံတွင် လူတစ်ဦးထဲမှ သုံးဦးအား ဓါးနှင့်ထိုးမှု ဖြစ်ပွားခဲ့ပါသည်။

..

ဓါးနဲ့ထိုးခံရမှုကြောင့် အထိုးခံရသူ သုံးဦးအနက် နေသူရ (ခ) မောင်မောင် (၂၄)နှစ်၊ (ဘ)မောင်မောင်(ခ)ဘာဘူမှာ ဆေးရုံတာဝန်ကျ ဆရာ/ဆရာမများ ကြိုးစား၍ အသက် ကယ်တင်ခဲ့ကြသော်လည်း ရရှိထားသော ဒဏ်ရာ ပြင်းထန်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

..

ဓါးနှင့်အထိုးခံရသူ သုံးဦးမှာ -

(၁) ပြည့်စုံဦး (ဘ)ဦးဝင်းနိုင်ဦး (၁၇)နှစ်၊ မာလာဝင်း၊

ရွှေတောင်ရပ်။

(၂) ဝေလင်းထွေး (ဘ)ဦးခင်အေး၊ (၂၄)နှစ်၊ စာတိုက်ဝင်း၊ စစ်ကဲကုန်းရပ်။

(၃) နေသူရ (ခ)မောင်မောင် (သေဆုံး) (၂၄)နှစ် (ဘ)ဦးဘာဘူ (ခ) မောင်မောင်၊ မာလာဝင်း၊ ရွှေတောင်ရပ် တို့ ဖြစ်ပါတယ်။

..

ဓါးနဲ့ထိုးသူ ဂျမား ဆိုသူအား ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးစားမှု ကြောင့် အချိန်နဲ့တပြေးညီ လိုက်လံဖမ်းဆီး နိုင်ခဲ့ပါတယ်။

..

မော်လမြိုင်လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့ဝင်များ လည်း ဓါးထိုးမှုဖြစ်ပွားကြောင်း ဖုန်းသတင်းရရခြင်း ကူညီကယ်ဆယ်ရန် အရေးပေါ်ကားနှစ်စီးဖြင့် ချက်ချင်း ထွက်ခွာခဲ့ရာ အခင်းဖြစ်နေရာ အရောက်တွင် လူနာများအား နီးစပ်ရာကားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင် သွားကြောင်း သိရှိရသဖြင့် ဆေးရုံကြီးသို့ လိုက်သွားပြီး ဒဏ်ရာရ လူနာများအား ဆေးရုံတာဝန်ကျ ဆရာဝန်/ဆရာမများနှင့် အတူ ပူးပေါင်းကူညီ၍ လိုအပ်သည်များ အစအဆုံး ကူညီဆောင်ရွက် ပေးခဲ့ပါတယ်လို့ သိရပါတယ်။

..

မော်လမြိုင်လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့သားတွေ မိုးလင်းသွားတဲ့ ညပါပဲ။ သုံးဦးတွင် နှစ်ဦးအား အသက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ စေတနာပါပါဖြင့် အားကြိုးမာန်တက် ကူညီဆောင်ရွက် ပေးခဲ့ကြတဲ့ ဆရာဝန်များ Nurse များအား အထူးကျေးဇူး တင်ရှိပါတယ်။ မျက်မြင် ကိုယ်တွေ့ပါပဲ။ တညလုံး ကြိုးစား ကယ်တင်ပေးခဲ့ကြတဲ့ ကျွန်နော်တို့ မော်လမြိုင် RESCUE အဖွဲ့က ကွန်မန်ဒိုလေးတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ သေဆုံးသွားတဲ့ သူအတွက်တော့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ် ဆိုပြီး မော်လမြိုင်လူမှုကယ်ဆယ်ရေးက ပြောဆိုခဲ့ပါတယ်။ သေဆုံးသူ၏ DB ကိုလည်း ရင်ခွဲရုံသို့ အရောက် ပို့ဆောင် ကူညီပေးခဲ့ပါတယ်လို့ သိရပါတယ်။

..

Credit : Mawlamyine Rescues Origanization

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။