အဆိုတော်ယုန်လေးနဲ့ အူဝဲတို့နှစ်ယောက်သား ရိုက်ကွင်းတစ်ခုမှာ ဆုံတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ နှစ်ယောက်သား အလွင့်ဒီဇိုင်းတွေနဲ့ အပြတ်ဂေါ် နေကြပါတယ်။ ငယ်စဉ်ကတည်းက အူဝဲကိုနှစ်သက်အားပေးလာခဲ့တာဖြစ်တယ်လို့လည်း ယုန်လေးက ဆိုပါတယ်။ စနောက်တတ်တဲ့ ဗီဇ ရှိတာမို့ အူဝဲနဲ့နှစ်ယောက်တွဲပုံရိပ်တွေကို " ကိုတီတီမသိအောင် လျှောက်ဒိုးပြီ " ဆိုပြီး စနောက်ခဲ့ပါသေးတယ်။

နှစ်ယောက်သား " ဂျလေဘီ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းထက်မှာ တွေ့ဆုံရင်း ဓာတ်ဖမ်းခဲ့ကြတာပဲဖြစ်ပါတယ်။ ယုန်လေး တစ်ယောက် အူဝဲနဲ့ပုံရိပ်တွေကို " ကျွန်တော်ငယ်ငယ်ထဲက အရမ်းကြိုက်တဲ့ အစ်မနဲ့ ကိုတီတီ မသိအောင်လျောက်ဒိုးပြီ haa haa haaa . မှတ်ချက် ကိုယ်တွေက ဘတ်နေပြီ အစ်မက နုတုန်း " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။

အမြဲလိုလိုနောက်ပြောင်တတ်တဲ့ယုန်လေးနဲ့ အချိန်တွေဘယ်လောက်ကြာကြာ နုနေလှနေတုန် းဖြစ်တဲ့ အူဝဲတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ကြည့်မိသူတိုင်း အပျော်တွေကူးစက်စေမှာ အမှန်ပါပဲ။ နှစ်ယောက်သားရဲ့ ရိုက်ကွင်းပေါ်က ပြုံးပြုံးပျော်ပျော်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။