ပရိသတ်ကြီးရေ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ အောင်ရဲလင်းနဲ့ သင်ဇာဝင့်ကျော်တို့နှစ်ယောက်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို အတူပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူတို့နှစ်ဦးက ဒါရိုက်တာ ဝင်းထွန်းထွန်း စီစဉ်ရိုက်ကူးတဲ့ "တစ်ခါက ဆတ်သေချောင်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ချစ်သူအဖြစ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ထူးခြားဆန်းသစ်တဲ့ ဂျပန်ခေတ်က အပြင်အဆင်တွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးက ပရိသတ်စိတ်ဝင်စားမှုတွေလည်း ရရှိထားပါတယ်။

ဒီဇာတ်ကားကြီးကိုတော့ ရုပ်ရှင်အဖွဲ့သားများက ရှမ်းပြည်နယ် နောင်ချိုမြို့လေးမှာ သွားရောက်ရိုက်ကူးထားပြီး အောင်ခိုင်၊အောင်ရဲလင်း၊မိုးယံဇွန်၊ ရဲလေး၊ စိုးမြတ်သူဇာ၊သင်ဇာဝင့်ကျော်တို့က အဓိကသရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ စစ်ဖြစ်နေတဲ့ အရင်ခေတ်က အခြေအနေတွေအပြင် ဘွံဘွေးကျင်းရေတံခွန်နဲ့ ကမ္ဘာကျော်ဂုတ်ထိပ်တံတား အစရှိတဲ့ သဘာဝရှုခင်းအလှတွေကိုလည်း ပြည့်ပြည့်စုံစုံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပျော်ပျော်ပါးပါးနဲ့ ရိုက်ကူးရေးပြုလုပ်နေတဲ့ သူတို့အနုပညာမောင်နှမတွေက အားလပ်ချိန်လေးကိုလည်း အပျော်တွေနဲ့ ကုန်ဆုံးခဲ့ကြပါတယ်။

အောင်ရဲလင်းတို့ အနုပညာရှင်တစ်ချို့နဲ့ စက်အဖွဲ့သားတွေက ပြီးခဲ့တဲ့ပိတ်ရက်မှာတော့ ညစာစားပွဲလေးပြုလုပ်ပြီး သီချင်းတွေအတူ သီဆိုခဲ့ကြပါတယ်။ ရှုတင်လေး နားခိုက်မှာ တစ်နေ့တာပင်ပန်းမှုတွေကို သီချင်းတွေ တစ်ဝကြီးစိတ်လွတ်ကိုယ်လွတ် သီဆိုရင်းအပန်းဖြေခဲ့ကြတာ ဖြစ်ပါတယ်။ သင်ဇာ၊အောင်ရဲလင်း၊ရဲလေးတို့က ရှုတင်အဖွဲ့တွေကို သီချင်းဆို ဖျော်ဖြေခဲ့တာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သင်ဇာကိုယ်တိုင်သီချင်းဆိုထားတဲ့ Live ဗီဒီယိုလေးကိုလည်း အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Win Tun Tun & Soe Soe ;

Video : credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။