ပရိုလိဒ်ကိုပြောင်းလဲပြီးနောက်ပိုင်းမှာမြန်မာအသင်းအတွက်ကစားသမားတွေအများကြီး

မွေးဖွားပေးခဲ့ပါတယ်။ဒီကစားသမားတွေဟာကြိုးစားမှုတွေကြောင့်ခုမှာဆိုရင်နိုင်ငံခြားထိထွက်ပြီး

ကစားခွင့်တွေရနေပြီဖြစ်ပါတယ်။ဒီလူတွေထဲမှာမြန်မာ့လက်ရွေးစင်တိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့

အောင်သူကလည်းထိုင်းလိဒ်မှာပြောင်းရွေ့ကစားနေတာဖြစ်ပါတယ်။

အဓိကတိုက်စစ်မှုးတွေဖြစ်တဲ့ကျော်ကိုကိုတို့လည်းပြောင်းရွေ့ကြေးမြင့်မားစွာနဲ့ထိုင်းလိဒ်တွေမှာ

ကစားနေကြတာပါ။ခုမှာလည်းမြန်မာအသင်းရဲ့အဓိကနောက်ခံလူလည်းဖြစ်ရန်ကုန်ယူနိုက်တက်

အသင်းရဲ့အဓိကကစားသမားဇော်မင်းထွန်းကတော့ထိုင်းနာမည်ကြီးကလပ်ချောင်ဘူကြီအသင်းနဲ့အကြိုသဘောတူညီမှုရထားပြီလို့သိရပါတယ်။

မနှစ်ကတည်းကပြောင်းရွေ့ဖို့ကြိုးစားခဲ့ပေမယ့်အကြောင်းအမျိုးမျိုးကြောင့်ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

ချောင်ဘူရီအသင်းကဇော်မင်းထွန်းကိုလစာငွေအဖြစ်နဲ့ကန်ဒေါ်လာ၇၀၀၀ကျော်နဲ့အတူအိမ်နဲ့ကားပါစီစဉ်

ပေးထားတာဖြစ်ပါတယ်။ထိုင်းလိဒ်ရဲ့တစ်ခြားထိပ်သီးအသင်းတွေကလည်းခေါ်ယူဖို့သတင်းတွေလည်း

ထွက်နေတာဖြစ်ပါတယ်။အောင်သူကိုလည်းထိုင်းထိပ်သီးကလပ်တွေကဒေါ်လာ၁၀၀၀၀ကျော်ပေးဖို့

ခေါ်ချင်နေတာကြောင့်သူတို့တွေရဲ့အပြောင်းအရွေ့ကိုပရိတ်သတ်တွေစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

PHOTO:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။