ယနေ့ခတ်ကာလအတွင်းမှာတော့ မိမိရဲ့အပျိုစင်ဘဝကို လူမှုကွန်ယက်ပေါ်ကနေ ရောင်းချလာသူတွေရှိကြပေမယ့် ရောင်းချရတဲ့အကြောင်းအရင်းတွေကတော့ မတူညီဘဲကွဲပြားခြားနားနေတာတွေ့ရပါတယ်။ထိုသို့ရောင်းချကြတဲ့သူတွေများစွာထဲမှာတော့ ပြင်သစ်နိုင်ငံက ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ Jasmine လည်းပါဝင်နေတာတွေ့ရပါတယ်။

Jasmine ကတော့ သူမအနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုထူထောင်နိုင်ရန်အတွက် အပျိုစင်ဘဝကိုရောင်းချခဲ့တာပဲဖြစ်ပါတယ်။ Jasmine ကတော့ နဲ့သူမရဲ့အပျိုစင်ဘဝကို Wall Street ရဲ့ ဘဏ်လုပ်ငန်းရှင်တစ်ဦးထံမှာ ပေါင် 1.2 millon နဲ့ရောင်းချခဲ့တာပဲဖြစ်ပါတယ်။ ထိုသို့ရောင်းချခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးရဲ့ နက်ရှိုင်းလှတဲ့ အချစ်သံယောဇဉ်တွေစတင်လာခဲ့တာကိုတွေ့ရပါတယ်။

ထိုအမျိုးသားဟာ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ သူမထံသို ထပ်မံချဉ်းကပ်လာခဲ့ပြီး စစ်မှန်တဲ့မေတ္တာတွေနဲ့ သူမကို ဂရုစိုက်လာခဲ့တာပဲဖြစ်ပါတယ်။

ထို့နောက်မှာတော့ Jasmine ဟာ ထိုအမျိုးသားရဲ့စစ်မှန်တဲ့မေတ္တာတွေကို နားလည်လာကာ ‘ကျွန်မသူနဲ့တွေ့ဆုံခဲ့တာဟာ ဘုရားသခင်ကပေးတဲ့ ဆုလာဒ်ပါပဲ ကျွန်မရဲ့အပျိုစင်ဘဝကိုသူ့ကိုရောင်းချခဲ့တာကိုက ကျွန်မရဲ့မှန်ကန်လှတဲ့ ဆုံးဖြတ်ချက်ပါပဲ “ လို့ ပြောကြားခဲ့တာတွေ့ရပါတယ်။နောက်ပိုင်းမှာတော့ သူတို့နှစ်ဥိးဟာ ကမ္ဘာလှည့်ခရီးတွေ အတူတူထွက်ခဲ့ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။