Melody World ရဲ့ အစီစဉ် တင်ဆက်သူလည်းဖြစ် Winner တစ်ယာက်လည်းဖြစ်တဲ့ အဆိုတော်ဖြိုး့ပြည့်စုံကတော့ အသံပါဝါအား အရမ်းကိုကောင်းကောင်း နဲ့ သီချင်းလေးတွေကို သီဆိုပြီး ပရိတ်သတ်တွေရဲ့ စိတ်ကိုဖမ်းစားနိုင်တဲ့ သူ တစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိမှာလဲ သီချင်းအသစ်တွေကို ပရိတ်သတ်တွေအတွက် အကောင်းဆုံးချပြနိုင်အောင် ကြိုးစားနေသူပဲ ဖြစ်ပါတယ်။

ယနေ့ မနက်ခင်းမှာတော့ မန္တလေးမြို့ Diamond Plaza မှာကျင်းပ ပြုလုပ်တဲ့ Supradyn ပွဲမှာသွားရောက်ဖျော်ဖြေခဲ့တဲ့ ပုံရိပ်လေးတွေကို တွေမြင်ရမှာဖြစ်ပါတယ်။ Pop သီချင်းလေးတွေနဲ့ အရမ်းကို လူကြိုက်များနေတဲ့ ဖြိုးပြည့်စုံ တစ်ယောက် ဒီတခေါက်မှာလည်း မန္တလေး သူ/သားတွေရဲ့ အချစ်ကို သိမ်းပိုင်နိုင်ခဲ့ပါတယ်။ သူနဲ့ အတူ Melody World ရဲ့ Winner တစ်ဦးဖြစ်သူ တေးသံရှင် Jewel လည်း လာရောက်ဖျော်ဖြေခဲ့ပါတယ်။

အရမ်းကို ချစ်စရာကောင်းတဲ့ သူတို့ နှစ်ယောက်အတူ သီချင်းတွေ သီဆိုဖျော်ဖြေခဲ့သလို တေးသံရှင် ဖြိုးပြည့်စုံက လည်း သူရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ် ဖြစ်တဲ့ "အသည်းနှလုံးမရှိတဲ့ သူ" သီချင်းကိုလဲ သီဆိုဖျော်ဖြေခဲ့ပါတယ်။အရမ်းကိုဖော်ရွေတတ်တဲ့ အဆိုတော် ဖြိုးပြည့်စုံ ကတော့ သူရဲ့ page စာမျက်နှာထက်မှာ သူရဲ့ မန္တလေး ပရိတ်သတ်တွေကို အထူးပင်ကျေးဇူး တင်ရှိကြောင်းနဲ့ အရမ်းကို ပျော်ခဲ့တဲ့ အကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

Source:Phyoe Pyae Sone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။