ဖုန်းပြောနေတဲ့အချိန် ကြားဖြတ်နားထောင်ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ တဲ့နော်

လူပုဂ္ဂိုလ်တစ်ဦး နှင့်တစ်ဦးကြား ဆက်သွယ်ရေး ပစ္စည်း ကိရိယာတစ်မျိုမျိုးဖြင့် ဆက်သွယ်ပြောကြားမှုကို ခွင့်ပြု ချက်မရှိဘဲ ကြားဖြတ်နားထောင် ပါက

အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံးသုံးနှစ်အထိ ချမှတ်နိုင်သည့် အချက်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို

ကာ ကွယ်ပေးရေး ဥပဒေကြမ်းတွင် မတ်လ ၁ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ အ တည်ပြုလိုက်သည်။

အဆိုပါ ဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘောထားကွဲ လွဲနေသည့် အချက်အချို့ကို မတ်လ ၁ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ပြီး ယင်းအချက်ကို လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

မည်သူမျှ တည်ဆဲဥပဒေနှင့် အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် (သို့ မဟုတ်) ဝရမ်းတစ်စုံတစ်ရာမရှိဘဲ ဖြစ်စေ၊ နိုင်ငံတော်သမ္မတ (သို့မဟုတ်) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ အပိုဒ် (၈) ပုဒ်မခွဲ(ဂ) ပုဂ္ဂိုလ်တစ် ဦးနှင့်တစ်ဦးကြား ဆက်သွယ်ရေး ပစ္စည်းကိရိယာ တစ်မျိုးမျိုးဖြင့် ဆက်သွယ်

ပြောကြားခြင်းကို ကြားဖြတ်နားထောင်ခြင်း (သို့မဟုတ်) တစ်နည်းနည်းဖြင့် အ နှောင့်အယှက်ပေးခြင်း မပြုရဆို သော အချက်ကို လွှတ်တော်က

အတည်ပြုလိုက်သည်။

ထို့အပြင် ယင်းပုဒ်မ ၈ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုသော် လည်းကောင်း၊ ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံးသုံးနှစ်အ ထိ ထောင်ဒဏ်ချမှတ်ရမည့်အ ပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ၁၅ သိန်းအထိ ငွေ ဒဏ်ချမှတ်နိုင်သည်

ဆိုသော အချက်ကိုလည်း လွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဝင် ဦးဘရှိန်က လွှတ်တော်က အတည်ပြုလိုက် သောအချက်သည် တယ်လီဖုန်း များကို ကြားဖြတ်

နားထောင်ခြင်း လည်း ပါဝင်ကြောင်းဆိုသည််။

‘‘ဆက်သွယ်ရေးပစ္စည်းကို သုံးပြီးဆက်သွယ်တယ်ဆိုတာက တယ်လီဖုန်းလည်းပါတယ်။ သာ မန်အားဖြင့်တော့ ကြားဖြတ်နား ထောင်တာက မလုပ်သင့်ဘူး။ သို့ သော် ဘယ်လိုအခြေအနေမျိုးမှာ မှ သက်ဆိုင်ရာက ခွင့်ပြုချက်ယူပြီး နားထောင်ရမယ်ဆိုတာတော့ နည်းဥပဒေထဲမှာ ထည့်ရေးကြမှာ ပါ’’ဟု ၎င်းကဆိုသည်။

လွှတ်တော်က အတည်ပြု လိုက်သောအချက်အရ အလွယ် တကူ ကြားဖြတ်နားထောင်မည့် ပုံစံမျိုးမဖြစ်ပေါ်စေရန် ကန့်သတ် လိုက်သည့် သဘောဖြစ်ပြီး လုံ ခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်မျိုးအ တွက် လိုအပ်ပါက တရားဥပဒေ နှင့်အညီ ခွင့်ပြုချက်ရယူပြီးမှ ကြားဖြတ်နားထောင်မှုကို ပြုလုပ် ရတော့မည်ဟု ပြည်သူ့လွှတ် တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်ကပြောသည်။

ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိုက်သည့် ယင်းအချက်များသည် နိုင်ငံသားများ ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး

ဥပဒေကြမ်း၏ အစိတ်အပိုင်းများဖြစ်ကာ ဥပဒေကြမ်းတစ်ခုလုံး အ တည်ပြုခြင်းကို လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေးတွင် ဆက်လက်ဆောင်ရွက် ဖွယ်ရှိသည်ဟု လွှတ်တော်ကိုယ် စားလှယ်အချို့ထံမှ သိရသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင် ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာ ကွယ်ပေးရေး ဥပဒေကြမ်းကို လက်ရှိကျင်းပဆဲ စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်ရေး ဆောင်ရွက် ကြရန် ပြည်သူ့လွှတ်တော်၌ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ပြော ကြားထားသည်။

Source: Local Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။