အရမ်းကို လိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ စုံတွဲလေးဖြစ်တဲ့ အဆိုတော် Ariana Grande နဲ့ TV စတား Pete Davidson တို့ဟာ2018 ခုနှစ် မေလမှာ စတင် ဒိတ်လုပ်ခဲ့ကြပြီး ချစ်သူသက်တမ်း(၁) လကျော်အတွင်းမှာပဲ စေ့စပ်ခဲ့ကြပါတယ်။ Pete Davidsonကတော့ TV စတား တစ်ယောက်မို့ တီဗွီအစီအစဉ်တစ်ခုမှာ Ariana ကို ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ရင်း ဆုံတွေ့ကာ ချစ်သူတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

Pete Davidsonက Ariana ကို တန်ဖိုးထားတဲ့ အနေနဲ့ အမေရိကန်ဒေါ်လာ ($93,000) တန်ဖိုးရှိတဲ့ စိန်တပွင့်ပါတဲ့ လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပြီး အချိန်တိုလေးအတွင်း မခွဲနိုင်မခွာရက်ရှိခဲ့ကြသလိုAriana Grandeဟာ သူမရဲ့ tour managerကို စစနောက်နောက်နဲ့ Pete Davidson ကို 100% လောက်ကို လက်ထပ်ချင်တယ်လို့ တောင် ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ လက်ထပ်ဖို့ ထိ အစီအစဉ်တွေ ရှိတယ်လို့ ဖွင့် ဟဖူးသလို Peteဟာ သူမရဲ့ အနာဂတ်ခင်ပွန်းလောင်း ဖြစ်လာဖို့ အများက ထင်ကြေးပေးခဲ့ကြသေးပါတယ်။

စက်တင်ဘာလ(၇) ရက်နေ့ မှာတော့ Ariana ရဲ့ ချစ်သူ ဟောင်းဖြစ်တဲ့ Mac Miller ဟာ ဆေးလွန်ကာ ရုတ်တရက်သေဆုံးခဲ့ပြီး အဲ့ဒီ အတွက်နဲ့ အချိန်အတိုင်းတာ တစ်ခုထိ လက်တွဲခဲ့ဖူးတဲ့ Mac Miller အတွက် Arianaဟာ တိတ်တိတ်လေး ကြေကွဲခဲ့ရသလို သူမရဲ့ အင်စတာဂရမ်မှာလည်း post လေးနဲ့ တကွ ဆုတောင်းပေးခဲ့ပါသေးတယ်။လက်ရှိမှာတော့ TMZ သတင်းဌာန ရဲ့ နောက်ဆုံးပေါ် သတင်းဖော်ပြချက်များအရ Ariana Grande နဲ့ Pete Davidson ဟာ လမ်းခွဲလိုက်ပြီ ဆိုတဲ့ သတင်းပါပဲ။ ချစ်သူသက်တမ်းလည်း (၅) လ အချိန်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သလို ချစ်သူတွေ အတော်အများ ယုံကြည်ကြတဲ့ အောက်တိုဘာလ(၁၃) ရက်နေ့ မှာ လမ်းခွဲရတတ်တယ် ဆိုတဲ့ ကျိန်စာသင့်တဲ့ ဒီရက်မှာ ရုတ်တရက် လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။Ariana Grande ကတော့ သူတို့ နှစ်ယောက် ရဲ့ Relationship ဟာ အချိန်ကောင်း မဟုတ်သေးသလို “one okay day” လို့ လမ်းခွဲပြီးနောက် သူမရဲ့ ခံစားချက်တွေကို Twitter မှာ တင်ခဲ့ပါသေးတယ်။

Source:http://www.justjaredjr.com ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။