နာမည်ကျော်မော်လ်ဒယ် သရုပ်ေဆောင် စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားသလို သာယာပျော်ရွှင်တဲံ မိသားစုလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ ကြိုးစားခဲ့ကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ လတ်တလောမှာလည်း ငွေကြေးဥစ္စာပြည့်စုံနေသလို လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်..။

လတ်တလောမှာလည်း ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့အတွက် ဇနီးမောင်နှံနှစ်ယောက်အတူ ရှေ့သွားနောက်လိုက်ညီညီ မွေးနေ့အကြိုအလှူလေးအဖြစ် လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

ယနေ့အောက်တိုက်ဘာ(၁၅)ရက်နေ့မှာ စည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ အဖိုးအဖွားတွေအတွက် အလှူငွေ(၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့သလို အဖိုးအဖွားတွေကိုလည်း တွေ့ဆုံရင်း လိုအပ်တာလေးတွေလည်း လှူဒါန်းခဲ့ကြပါတယ်..။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ မဟာလူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၊ စာသင်ကျောင်းမှ မိဘမဲ့ကလေးငယ်များ အတွက် အလှူပြုလုပ်ပေးခဲ့ပြီး ကလေးငယ်များအတွက် တစ်နေ့စာ အစားအသောက်လှူ၊ ကျောင်းသုံးစာရေး ကိရိယာများ၊ မိန်းခလေး အလှကုန်သုံးပစ္စည်များ လှူဒါန်းခဲ့ပြီး၊ ဘုန်းတော်ကြီးများအတွက် နေ့ဆွမ်းနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသေးတယ်..။

မွေးနေ့အလှူပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေထားတာမို့ မွန်မြတ်တဲ့ သူမတို့ရဲ့အလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo - စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။