Aroma ရဲ့ (၇) နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာတော့ နာမည်ကြီး အနုပညာရှင်များစွာပါဝင်တဲ့ Fashion Show ကြီး ပါဝင်ပြီး ဒီပွဲလေးမှာ မျိုးဆက်သစ် အနုပညာရှင်အချို့လည်း ပါဝင်ခဲ့ပါတယ်။ အနုပညာရှင်များစွာတက်ရောက်လာတဲ့ ဒီပွဲမှာတော့ မင်းသမီးခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလနဲ့အတူ ဝါဆိုမိုးဦးရဲ့ ညီမလေး သင်ဇာတို့လည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ 

Fashion Show မှာ ပါဝင်ဖြစ်ခဲ့ပုံကိုတော့ နှစ်ဦးလုံးက သူတို့ရဲ့ လူမှုစာမျက်နှာမှာ တင်ထားခဲ့ကြပါတယ်။ သင်ဇာ့ရဲ့ လူမှုစာမျက်နှာမှာတော့ "Aroma 7th Anniversary show ပွဲရဲ့အမှတ်တရလေးပါ MWD မှာ Live လွှင့်သွားတယ် ကြည့်လိုက်ရလား" လို့ ရေးတင်ထားတာ တွေ့ရပြီး မင်းသမီး ခင်ဇာခြည်ကျော်ရဲ့ လူမှုစာမျက်နှာထက်မှာတော့ "7th Anniversary Aroma Show သား သား ဘုန်းမင်း ပထမ ဆုံး လျှောက် ဖြစ်တဲ့ ရှိုး ပွဲ ပါ " ဆိုပြီး ရေးသားထားပါတယ်။ 

အနုပညာလောကရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ သူတို့နှစ်ဦးကတော့ အနုပညာအလုပ်လေးတွေ အစပျိုးလုပ်ကိုင်နေတာ တွေ့ရပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားကြပါတယ်။ ကဲ ပရိသတ်ကြီးအတွက် Fashion Show မှာ အတွဲညီညီပါဝင်ခဲ့ကြတဲ့ ဘုန်းမင်းနဲ့ သင်ဇာတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်....

Photo Source : Phone Min Nay La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။