ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့ နံနက် ၇နာရီ အကျော်ခန့်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ဆားပွက်ချောင်းအတွင်း တိုက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ သတင်းကိုတော့ အားလုံးသိရပါတယ်။ စိတ်မကောင်းစရာသတင်းဆိုးကြီးတစ်ခုဖြစ်သလို သေဆုံးသူတွေအတွက်လည်း ဝမ်းနည်းစရာကောင်းလောက်အောင်ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။  

ဒီကနေ့ အဆိုပါ တိုက်လေယာဉ်ပျက်ကြမှုကြောင့် လေယာဉ်မောင်းသူတစ်ဦးနှင့်အတူ အိမ်အတွင်း စာကျက်နေတဲ့ ၅တန်းအရွယ် ကလေးမလေးတစ်ယောက်ပါ သေဆုံးခဲ့ရတာကိုတော့ အားလုံးသိလောက်ပြီထင်ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် ပျတ်စီးသွားသောအစိတ်အပိုင်းများနှင့် အိမ်အတွင်း စာကျက်နေသည့် ကလေးမလေးရဲ့ ခန္ဓာကိုယ်အောက်ပိုင် ထိခိုက်ခဲ့ရပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။   

ထို့နောက်တွင် အဆိုပါ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာပဲ သမီးငယ်လေးသေဆုံးခဲ့ရကြောင်း သိရပါတယ်။ ဝမ်းနည်းစရာသမီးငယ်လေးရဲ့ သေဆုံးချိန်မှာ မျက်နှာပါးပြင်ထက်က သနပ်ခါးပါးကွက်ကြားလေးနဲ့ အလှမပျက်ရှိနေခဲ့တာကို ကြည့်မိရင်း ပိုမိုဝမ်းနည်းမိစေမှာအမှန်ပဲဖြစ်ပါတယ်။ မြေ၊ ရေ၊ လေဆိုတဲ့ လူတွေရဲ့ နေထိုင်စရာဒေသများစွာဟာ လုံခြုံစိတ်ချရခြင်းမရှိတော့တဲ့ လက်ရှိ အဖြစ်ဆိုးကြီးကို ပရိသတ်တွေအတွက် စိတ်မကောင်းစွာ မျှဝေပေးလိုက်ပါတယ်။

Photos - U KYaw Soe Oo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။