Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲတွေထဲက ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံ မှုတွေကို အခိုင်အမာရရှိထားသူတွေထဲမှာ ငွေဇင်လှိုင်းကလည်း အပါအဝင်ပါပဲ..။ အခုဆိုရင် အနုပညာအလုပ်တွေ ကို ဆက်တိုက်လုပ်ဆောင်နေပြီ ဖြစ်သလို ပရိသတ်အား ပေးမှုအခိုင်အမာ လည်းရရှိထားပြီဖြစ်ပါတယ် ။ ၀၀ကစ်ကစ်လေးနဲ့ချစ်စရာကောင်းတဲ့ သူမကို ဝနေတာနဲ့ပတ်သတ်ပြီးပြောနေကြတဲ့သူတွေကို သူမက ဖြေရှင်းလိုက်ပါတယ် ။

သူမ ဝလာတာနဲ့ ပတ်သတ်ပြီး " ဒီ ရက်ပိုင်း ဝလာတာနဲ့ပက်သတ်ပီး ပြောပြောနေကြတာ မြန်မာဝတ်စုံဝတိလိုက်မှပဲ ဘလောက်ဝနေလဲ သိတော့တယ် ဟီးးး ယောဂကျင့်ပီး မပိန်ဘူး နော်ကပြောခံရသေးးးး ယောဂမကျင့်ဖြစ်တာ ၇ လလောက်ရှိပါပီလို့ အဲ့ဒါလာပြောတာ ဓာတ်ဖမ်းတာများပီး ပုံရွေးရခက်လို့ တွေးနေတုနိးး ပုံမှမတင်ရင် မအိပ်ဘူးပြောသော ဓာတ်ဆရာမမကြောင့် တင်ပေးရခြင်းဖြစ်ပါသည် မျက်စိနောက်သွားစေရင် ခွင့်လွှတ်ကြပါ ပုံ တမူးပန်ဒါ ( ဝဝကစ်ကစ်အား ဝဝလင်လင်ကြည့်နိုင်ရန် ဝနေရခြင်းသာ) " ဆိုတဲ့စာသားနဲ့ အတူ သူမက ယောဂကျင့်နေရင်းနဲ့ဝနေတာ မဟုတ်ဘဲ ယောဂကျင့်တာကို ရပ်ထားတာ ၇လလောက်ရှိပြီဖြစ်တယ်လို့ ဖြေရှင်းထားတဲ့ စာသားတွေကိုေ ရးသားပြီး သူမရဲ့လူမှုကွန် ယက်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ် ။

သူမက သူမဝနေတာတွေနဲ့ပတ်သတ်ပြီး ဖြေရှင်းလိုက်တဲ့အပြင် သူမဦးပိန်တံတားနဲ့ ပုဂံမှာ မြန်မာဆန်ဆန် ဝတ်စုံလေးဝတ်ပြီး ရိုက်ကူးထားတဲ့ အလှပုံရိပ်တွေကိုလည်း ပရိသတ်တွေ ကို မျှဝေပေးထားပါသေးတယ် ။ ငွေဇင်လှိုင်းကိုချစ်ကြတဲ့ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ ၀၀ကစ်ကစ်ချစ်စရာ ပုံရိပ်လေးတွေကို ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်နော် ။

Source : Ngwe Zin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။