ပရိသတ်အချစ်တော်လေး ထိပ်ထားလေးကတော့ အသည်းယားစဖွယ် ဟန်ပန်အမူအရာလေးတွေနဲ့ စကားတတ်ပြီး လူအများရဲ့ချစ်ခင်ခြင်းကို ရရှိထားသူလေးဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ စကားတွေအရမ်းတက်ပြီး လူကြီးလေးလို ပြောဆိုတက်တာလေးတွေကြောင့် ပရိသတ်တွေပါမက အနုပညာရှင်တွေရဲ့ ချစ်ခင်ခြင်းကိုပါ ရရှိထားသူလေးဖြစ်ပါတယ်။ 

ယနေ့မှာတော့ ထိပ်ထားလေးတစ်ယောက် ရုပ်ရှင်ရိုက်ကူးဖို့ ငပလီကမ်းခြေကိုရွှေပိုးအိမ်နဲ့အတူ သွားရောက်ရင်း အလန်းစားtiktokဗီဒီယိုလေး ဆော့ခဲ့ပါတယ်။ အဆိုပါထိပ်ထားလေးနဲ့ ရွှေပိုးအိမ်တို့ရဲ့ ချစ်စရာကောင်းတဲ့ အလန်းစားtiktokဗီဒီယိုလေးဟာ ကြည့်ရူသူတွေများပြားခဲ့ပြီး ကြည့်ရူသူပရိသတ်တွေကိုအချစ်တွေပိုစေခဲ့ပါတယ်။ 

ရွှေပိုးအိမ်နဲ့ ထိပ်ထားလေးကတော့ ငပလီကမ်းခြေကို ရောက်ရှိနေပြီး "အောက်ဖဲမလှန်ကြေးနော်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို ရိုက်ကူးဖို့ ရောက်ရှိနေကြပါတယ်။ ဒီဇာတ်ကားသစ်ကြီးကိုတော့ "ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေး" က ရိုက်ကူးတာဖြစ်ပြီး ဝါရင့်အနုပညာရှင်တွေနဲ့ တက်သစ်စအနုပညာရှင်တွေ ပူးပေါင်းဖန်တီးနေတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

source: Shwe Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။