လက်ရှိမှာ အွန်လိုင်း မီဒီယာပေါ်မှာ တီတီတာတာ စကားလေးတွေ၊ အမူအယာအို က် တင်လေးတွေ ၊ သီချင်းဆိုတဲ့ Video file လေးတွေနဲ့ ပရိသတ်အချစ်တွေကို ရယူနိုင်ခဲ့တဲ့ ထိပ်ထားသခင် လေးကတော့ ချစ်စရာ အမူအယာ နဲ့ အိုက်တင်လေးတွေကို မကြောက်မရွံနဲ့ ကင်မရာတွေ ရှေ့ သရုပ်ဆောင်နေပြီး ဖြစ်တဲ့ မော်ဒယ်လ်၊ မင်းသမီး အသေးစားလေး အဖြစ် အောင်မြင်နေပြီ ဖြစ်ပါတယ်။

မကြာသေးမီကမှ ဖွေးဖွေး ၊ နီနီခင်ဇော်တို့နဲ့အတူ ကြော်ငြာတွေရိုက်ကူးခဲ့တဲ့ ထိပ်ထား လေး ဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု အမြောက်အမြားရပြီး အခုဆိုရင် အနုပညာရှင် ပေါင်းများစွာ နဲ့အတူ ငပလီမှာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ခရီးထွက်တော့မှာဖြစ်ပါတယ် ။ ထိပ်ထိပ်လေးက စကားအရမ်းတတ်ပြီး အရမ်းလည်လွန်းလို့ အနုပညာ ရှင်တွေက ဝိုင်းချစ် တာကို ခံနေရတာပါ ။ ထိပ်ထားလေးက သူမ ခရီးသွားမယ့် ပုံရိပ်တွေကို လူမှုကွန် ယက် စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ အမိုက်စားဖက်ရှင်တွေနဲ့ ပဲများနေတဲ့ထိပ်ထားလေးကတော့ ပရိသတ်တွေအတွက် အသည်းယားချင်စရာလေးပါဘဲ နော် ။

အသက်(၃) နှစ် ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင်ချက်၊ အိုက်တင်တွေကို ပီပြင်အောင် လုပ်တတ်လွန်းလို့ အနုပညာပိုးတွေ အပြည့်ပါသူလေးလို့ပြောရမှာပါဘဲ ။ ကြီးလာရင် မင်းသမီးလုပ်မှာလို့ အမြဲပြောတတ်တဲ့ ထိပ်ထားလေးတစ်ယောက် ငယ်ငယ်ကတည်းက မင်းသမီးပေါက်စလေး ဖြစ်လာပြီဆိုတော့ ထိပ်ထားလေး ဆန္ဒတွေပြည့်ဝသွားသလိုထိပ်ထား လေးကိုချစ်တဲ့ပရိသတ်တွေကလည်း ထိပ်ထားရဲ့အနုပညာလှုပ်ရှားမှု လေးတွေ ကို မျက်ခြေမပျက်စောင့်ကြည့်ပြီး အားပေးလိုက်ကြပါဦးနော် ။

Source : ထိပ်ထားသခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။