ခရမ်းချဉ်သီးဟာ တကမ္ဘာလုံးမှာ လူကြိုက်လည်းများသလို ကျန်းမာရေးအတွက်လည်း အသုံးဝင်လို့နေပါတယ်။ ခရမ်းချဉ်သီးဟာ အရောင်မျိုးစုံရှိပါတယ်။ အနီရောင်၊ လိမ္မော်ရောင်စတဲ့အရောင်မျိုးစုံရှိကြပါတယ်။ ခရမ်းချဉ် သီးဟာ အလှပရေးရာအတွက်လည်း တစ်ကယ်ကို အသုံးဝင်တဲ့သဘာဝသီးနှံတစ်မျိုးဖြစ်ပါတယ်။ခရမ်းချဉ်သီး မှာ ရေဓာတ်၊ ဖိုက်ဘာအမျှင်ဓာတ်၊ မီးစုန်းဓာတ်၊ သိုင်ယာမင်၊ နိုင်ယာစင်၊ ဗီတာမင် ဘီ ၊မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ စတဲ့ ဓာတ်ပေါင်းစုတွေပါဝင်နေပါတယ်။

ခရမ်းချဉ်သီးကို ဆောင်းတွင်းမှာပိုစားပေးရပါမယ်။ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆောင်းတွင်းမှာ အသားရည်ခြောက်သွေ့ခြင်း၊ အသားပတ်ခြင်းတို့ကို သိသိသာသာ ကောင်းမွန်စေပါတယ်။ပြီးတော့ ဝမ်းချုပ် ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာဖြစ်ခြင်းကိုလည်း လျော့ချပေးပါမယ်။မကောင်းတဲ့ သွေးတွင်း ကိုလက်စထရောတွေကို လျော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းစွာအထောက်ကူ ပြုပေးပါတယ်။ 

ဗီတာမင်အေ ပါဝင်တဲ့အတွက် ကိုယ်တွင်းရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးဟာ ဝိတ်ကျ စေပြီးအဆီပိုတွေကို ဖျယ်ရှားပေးပါတယ်။ကယ်ရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ အတွက်လည်း ကင်ဆာ ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ အားလုံးကျန်းမာကြပါစေ။

Source: Jolly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။