မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့ကြောင်းကိုတော့ အားလုံးသိနှင့်ပြီဖြစ်မယ်ထင်ပါတယ်။ 

ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့မှာလည်း လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန် အလယ်ရွာမှတ်တိုင်အနီးရှိ ကျူးတဲများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုကတော့ ဒီကနေ့ နံနက် ပိုင်းကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်ထောင်စု အနည်းဆုံး ၁၅ စုလောက် မီးလောင်ခံခဲ့ရကြောင်း သတင်းရရှိခဲ့ပါတယ်။  

မီးလောင်မှုဖြစ်ရာ နေရာသို့ မီးသတ်ဦးစီးဌာနမှာ သွားရောက် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကို ရှာဖွေလျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့တဲ့ လှိုင်သာယာဒေသကို ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း သွားရောက်ကူညီဆောင်ရွက်မှုတွေပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုပုံရိပ်များကို မျှဝေပေးရင်း လက်တလောမကြာခဏဖြစ်ပေါ်လျှက်ရှိတဲ့ မီးလောင်မှုကြီးတွေကို ပရိသတ်တွေလည်း သတိပြုနေထိုင်ကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်။

Photos - Wai Lu Kyaw Foundation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။