အနုပညာရှင်ညီအစ်ကိုတွေထဲမှာတော့ လွှမ်းပိုင်နဲ့ကျော်ဆုတို့ ညီအစ်ကိုနှစ်ယောက်ဟာ ပရိသတ်တွေချစ်လည်းချစ်ရသလို အားလည်းအားကျရတဲ့ညီအစ်ကိုနှစ်ယောက်ပဲဖြစ်ပါတယ်။

သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ရုပ်ချင်းလည်းဆင်လှတဲ့အပြင် မတူညီတဲ့အနုပညာနယ်ပယ်မှာ အောင်မြင်လှတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။  

ဒီတစ်ခေါက်မှာဆိုရင်လည်း အကိုဖြစ်သူကျော်ဆုဟာ သူရဲ့အင်စတာဂရမ်စာမျက်နှာမှာ ပရိသတ်တွေရွေးရခက်သွားစေနိုင်တဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ပုံရိပ်လေးတစ်ပုံကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးထဲမှာသူတို့ညီအစ်ကိုနှစ်ယောက်ဟာ လူကြီးလူကောင်းဆန်ဆန်ဝတ်ဆင်ထားပြီး ခန့်ညားလှပတာကြောင့် ဒီပုံလေးကတော့ မိန်းကလေးပရိသတ်တွေ အကြွေကြီးကြွေသွားစေနိုင်တဲ့ ပုံရိပ်လေးတစ်ခုပဲဖြစ်ပါတယ်။ 

ရုပ်ရည်လေးကလဲတူ အနုပညာကိုဝါသနာပါတာချင်းလဲတူတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဘဝလေးကတော့

ပျော်ရွှင်စရာကောင်းလှသလို ဖြတ်သန်းရတဲ့မိသားစုဘဝလေးကလည်း ပရိသတ်တွေအတွက်တော့ တကယ့်ကိုအားကျစရာဘဝလေးတစ်ခုပါပဲ။

ယခုပုံရိပ်လေးရဲ့ comment မှာဆိုရင်လည်း ပရိသတ်တွေဟာ ဘယ်သူကပိုချောတယ် ပိုခန့်တယ်ဆိုပြီး comment လေးတွေအပြိုင်အဆိုင်ပေးနေကြတာတွေ့ရပါတယ်။

Myanmarload ပရိသတ်ကြီးလည်း ယခုပုံရိပ်လေးကိုကြည့်ပြီးသွားပြီဆိုရင်တော့ အကိုဖြစ်သူ ကျော်ဆုကိုရွေးမှာလား ညီဖြစ်သူ လွှမ်းပိုင်ကို ရွေးကြမှာလားဆိုတာပြောပြခဲ့ကြဦးနော်။

source - Kyaw Su

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။