ပရိသတ်ကြီးရေ နာမည်ကြီးအနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲလေးကတော့ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဆင့်ကို ကူးပြောင်းခဲ့တဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ အားလုံးမထင်မှတ်ထားခဲ့တဲ့ သူတို့နှစ်ဦးက အခုဆိုရင် နားလည်မှုအပြည့်နဲ့ အချစ်စစ်ကို အရင်းပြုကာ ရွှေလက်တွဲနေကြတာပဲ ဖြစ်ပါတယ်။ ချစ်သူစဖြစ်တဲ့နေ့ကစလို့ တစ်နေ့ထက်တစ်နေ့ Romatic ဆန်တဲ့အချစ်တွေနဲ့ ချစ်ပြလေ့ရှိတဲ့ သူတို့အတွဲလေးကို အားလုံးက ရွှေရွှေစုံတွဲလေးလို့ ချစ်စနိုးခေါ်ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ သူတို့စုံတွဲလေးက Shwe Couple ဆိုတဲ့ IG accout လေးကို သီးသန့်ဖွင့်ပြီး သူတို့ကိုအားပေးတဲ့ပရိသတ်တွေအတွက် စုံတွဲပုံလေးတွေ တင်ပေးနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း ရွှေမှုန်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ဆေးကုသခဲ့ရပြီး ချစ်သူရွှေထူးက ဘေးကနေလိုက်အားပေးခဲ့ပါသေးတယ်။ ဘန်ကောက်ကို ရောက်ရှိခဲ့တဲ့ သူတို့နှစ်ဦးက မြို့အနှံပတ်ပြီး ဈေးဝယ်ထွက်ခဲ့ကြပါသေးတယ်။

အခုလည်း ရွှေရွှေစုံတွဲက ဘန်ကောက်မှာနှစ်ကိုယ်တူ Shooping ထွက်ရင်း ကြည်နူးပျော်ရွှင်နေတဲ့ပုံလေးတွေကို အသစ်တင်ထားတာ တွေ့ရပါတယ်။ စတိုင်ကျကျ ဖက်ရှင်အလန်းတွေနဲ့ ဈေးထွက်ဝယ်ခဲ့ကြတဲ့ သူတို့နှစ်ဦးက Romatic ဆန်တဲ့စုံတွဲပုံလေးတွေကိုလည်း အတူရိုက်ကူးခဲ့ကြပါတယ်။ စားအတူတူ သွားအတူတူဖြစ်နေကြပြီဖြစ်တဲ့ ရွှေစုံတွဲလေး သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေ ဆုတောင်းရင်း သူတို့စုံတွဲလေးရဲ့ပုံသစ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:shwe couple ig;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။