ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေးဖြစ်တဲ့ ပြည်သူ့အသည်းကျော် မင်းသမီးအိချောပိုကတော့ အနုပညာလောာကမှာ အောင်မြင်မှုတွေနဲ့အတူ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရင်ထဲက မင်းသမီးတစ်ဦးဖြစ်သလို ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပြင် ဆွဲဆောင်မှုရှိလွန်းလှပြီး မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားကျလှပတဲ့ ခန္ဓာကောက်ကြောင်းတွေကလည်း ပရိသတ်တွေကို ဖမ်းစားထားတာပါနော်..။

စူစူလို့ ပရိသတ်တွေချစ်စနိုးခေါ်နေကြတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ အားလုံးက အမြဲအချစ်ပိုနေရသူလေးဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း တင်ပေးထားပြီး သူမရရှိခဲ့တဲ့လက်ဆောင်လေးတွေကိုလည်း မျှဝေထားပြီး ကျေးဇူးတင်စကားလေးလည်း ဆိုထားတာ တွေ့ရပါတယ်..။

သူမအရမ်းကြိုက်တဲ့ နာမည်ကျော် Brand လက်ဆောင်လေးတွေ ရလိုက်တဲ့ အရမ်းပျော်နေတဲ့ အောကာင်းလေးကိုလည်း စူစူက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဓာတ်ပုံလေးတွေတင်ပြီး ပြောပြထားပါသေးတယ်..။

“အိမ်ပြန်ရောက်တော့ ကိုယ်အရမ်းကြိုက်တဲ့ SK jewels ကပစ္စည်းလေးရယ် D & C ကဖိနပ်လေးနဲ့အိတ်ကလေး လက်ဆောင်ရောက်နေတော့ ပျော်ပြီပေါ့ကွယ်...” ဆိုပြီး သူမရဲ့အပျော်လေးတွေကို မျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

Photo - အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။