လက်ရှိအထိဖွင့်ဖြိုးဆဲနိုင်ငံတစ်ခုအဆင့်သာ တည်ရှိနေသေးတဲ့မြန်မာနိုင်ငံရဲ့ အခြေနေကိုတော့ အားလုံးလည်း သိနှင့်ပြီးဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာ့ခရီးသွားများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး ပြည်တွင်း လာရောက်လည်ပတ်သူတွေများစွာရှိနေတာကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ အဆိုပါ လည်ပတ်သူတွေထဲမှာ ကမ္ဘာနိုင်ငံအသီးသီးမှာ ဂီတပညာရှင်တွေလည်း ရှိနေကြောင်းကို သိရပါတယ်။  

မကြာသေးမီက ပြည်တွင်းသို့ အလည်အပါတ်ရောက်ရှိလာကြတဲ့ အိုင်ယာလန်နိုင်ငံမှာ ဂီတပညာရှင်သုံးဦးရဲ့ မြန်မာနိုင်ငံ ဆင်ခြေဖုံးဒေသတွေ ၊ရပ်ကွက်တွေ ၊ မြို့ပါတ် ရထားတွေထဲမှာ လှည့်လည်ပြီး အိုင်ယာလန် မိရိုးဖလာဂီတ Celtic ကို ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကို ပျော်ရွှင်ကြည်နူးစေခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဂီတပညာရှင်သုံးဦးကတော့ 1)Matthias McIntire, 2)Louie Lock နှင့် 3)Richard J.W. တို့ ဖြစ်ကြောင်း သိရပါတယ်။  

မတူညီတဲ့ တူရိယာသုံးမျိုးဖြင့် အတွဲညီညီဖျော်ဖြေမှုလေးကြောင့် မီးရထားစီးနင်းသူတွေကို ကြည်နူးစေခဲ့တာတွေ့ရပါတယ်။ သူတို့ ရဲ့ ရည်ရွယ်ချက်က ဘာကိုမှ မမျော် လင့်ဘဲ အနုပညာ ဖြင့် မြန်မာနိုင်ငံသားတွေ စိတ်နှလုံး ရွှင်လန်းစေဖို့သာ ရည်ရွယ်ကြောင်း သိရပါတယ်။ သူတို့ အထဲက ဂီတပညာရှင်တစ်ယောက်က "တယောကြီး" တစ်ခု ရန်ကုန် Taxi တစ်စီးပေါ်မှာ ကျန်ခဲ့ကြောင်း ကြေငြာထားတာလည်း တွေ့ရပါတယ်။ လေးစားစရာ အိုင်ယာလန်နိုင်ငံမှာ ဂီတပညာရှင်ကြီးတွေရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးရင်း တယောပြန်လည်တွေ့ရှိသူများ အကြောင်းကြားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Vedio - သံဇဉ်မိုးဇက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။